K pop

■ Dara ရဲ့ Iconic Hairstyle ‘Palm Tree’ ရဲ့ အခြားတစ်ဖက်က နာကျင်မှု

— 2NE1 ခေတ်တုန်းက Dara ရ့ Hairstyle ‘Palm Tree’ ကို K-popper တွေတိုင်း သိတယ် မဟုတ်လား…

Dara ဟာ သူမရဲ့ အဆိုပါ Hairstyle ‘Palm Tree’ ဟာ Iconic Hairstyle ဖြစ်ခဲ့တာမှန်ပေမယ့် အခြားတစ်ဖက်မှာ နာကျင်ရကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

Dara ဟာ မကြာသေးခင်က SM Entertainment ကို အလည်သွားရောက်ခဲ့ပြီး Red Velvet အဖွဲ့ဝင် Yeri နဲ့ စကားတွေပြောခဲ့ကြတာ ပရိသတ်တွေ အားလုံးသိပါတယ်။ Dara ဟာ Yeri နဲ့ စကားပြောနေ စဉ် Yeri က Dara ရဲ့ Iconic Hairstyle ‘Palm Tree’ ကို ပြန်ပြောင်းပြောခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ Dara က “ ငါ အဲဒီ Hairstyle ကို စလုပ်တုန်းက ကမ္ဘာပေါ်မှာ ပထမဆုံး Hairstyle ဆိုတော့ ကြိုက်ခဲ့ပါတယ်။ ပရိသတ်တွေဆီကလည်း အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်ချက်တွေရခဲ့ပါတယ်။ ဒါကြောင့် ‘Palm Tree’ ကို ပိုပြီး ခပ်မြင့်မြင့်လုပ်ချင်ခဲ့ပါတယ်။ အဲဒီမှာ ဆိုးရွားလာတာပါပဲ။ ဆံသား အရင်းက အရမ်းကို နာကျင်ခဲ့ပြီး အကိုက်အခဲပျောက်ဆေးတွေတောင်သောက်ခဲ့ရပါတယ်။ ဒီနာကျင် မှုကြောင့် ငါ အချိန်အနည်းငယ်ခန့် ငိုခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

Yeri ကလည်း Dara ရဲ့ ပြောစကားကို ထောက်ခံပြီး “ အတိတ်က ကျွန်မတို့အဖွဲ့ရဲ့ ဖျော်ဖြေမှုမှာ လည်း ကျွန်မ အဲဒီလိုဆံပင်ပုံစံမျိုးလုပ်ခဲ့ဖူးပါတယ်။ ဖျော်ဖြေမှုကို စောင့်နေစဉ်မှာ ကျွန်မ ငိုခဲ့ရပါတယ်။ တကယ့်ကို နာကျင်ရတာပါ။ အစ်မ ဘယ်လိုခံစားရလဲဆိုတာ ကျွန်မနားလည်နိုင်ပါတယ်” လို့ ပြောခဲ့ပါ တယ်။

-m2t
Ref: SBSstar

You cannot copy content of this page