K pop

■ အောက်တိုဘာမှာ Solo Debut လုပ်မယ့် Red Velvet အဖွဲ့ဝင်

– – – SM Entertainment က အတည်ပြုထားတာဖြစ်ပြီး အောက်တိုဘာမှာ Solo Debut လုပ်မယ့် Red Velvet အဖွဲ့ဝင်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

SM Entertainment က Red Velvet အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Seulgi ဟာ လာမယ့် အောက်တိုဘာလမှာ solo debut ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကိုရီယားသတင်းစာ Mydaily က Seulgi အနေနဲ့ အောက်တိုဘာမှာ solo debut လုပ်မယ်လို့ ဦးစွာ ဖော်ပြခဲ့ပြီး သူမအနေနဲ့ လက်ရှိမှာ solo album အတွက် ပြင်ဆင်နေသလို၊ ရိုက်ကူးမှုတွေ စတင်နေပြီလို့ ဖော်ပြခဲ့တာပါ။

အဲဒီသတင်းထွက်ပေါ်လာပြီးနောက် သိပ်မကြာခင်မှာ SM Entertainment က အတည်ပြုခဲ့တာဖြစ်ပြီး သူတို့ရဲ့ ထုတ်ပြန်ချက်မှာ “Red Velvet အဖွဲ့ဝင် Seulgi ဟာ အောက်တိုဘာမှ ထုတ်ဝေမယ့် Album အတွက် ပြင်ဆင်နေကြောင်း၊ ကျေးဇူးပြုပြီး စောင့်မျှော်ပေးကြပါ”လို့ ဖော်ပြထားပါတယ်။

Seulgi ဟာ Red Velvet, Red Velvet – Irene & Seulgi, Got the Beat စတဲ့ အဖွဲ့တွေ၊ Sub-unit တွေနဲ့ ပွဲထွက်ခဲ့ဖူးပြီး အခု Solo Debut က သူမအတွက် (၄) ကြိမ်မြောက် ပွဲထွက်မှု ဖြစ်လာမှာပါ။

Source: Mydaily and Newsen

You cannot copy content of this page