– – – ပွဲထွက်ပြီးကတည်းက သူတို့ အရမ်းအောင်မြင်နေရတဲ့ အကြောင်းရင်းကို ပုံနှိပ်ပြီး ဖတ်ရှုနိုင်ပါပြီ။
K-Pop မှာ အောင်မြင်ကျော်ကြားမှုကို ပွဲထွက်ပြီးမှ ရတတ်တာ များပါတယ်။ ဒါပေမဲ့ တချို့အဖွဲ့တွေကတော့ ပွဲမထွက်ခင်ကတည်းက အောင်မြင်ကျော်ကြားနေတာတွေလည်း ရှိပါတယ်။ ဒီမှာတော့ ပွဲမထွက်ကတည်းက ကျော်ကြားနေတဲ့ အဖွဲ့တွေကို တွေ့ရမှာပါ။
IVE
IVE က ပွဲမထွက်ခင်ကတည်းက ကိုရီယားမှာ ကျော်ကြားပြီးသားပါ။ အထူးသဖြင့် IZ*ONE အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တဲ့ Jang Wonyoung နဲ့ Ahn Yujin တို့ကြောင့် ဖြစ်ပါတယ်။ IVE အဖွဲ့ဟာ ၂၀၂၁ ဒီဇင်ဘာ (၁) ရက်မှာ “ELEVEN” သီချင်းနဲ့ ပွဲထွက်ခဲ့ပြီး အဖွဲ့မှာ Gaeul, Ahn Yujin, Rei, Jang Wonyoung, Liz နဲ့ Leeseo တို့ ပါဝင်ပါတယ်။
NewJeans
NewJeans အဖွဲ့ကတော့ ပွဲမထွက်ခင်မှာ အဖွဲ့ဝင်တွေကြောင့် မဟုတ်ဘဲ ပရိုဂျူဆာ Min Hee Jin ကြောင့် နာမည်ကြီးခဲ့တာပါ။ Min Hee Jin ဟာ SM Entertainment မှာ creative director အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး Red Velvet, f(x) တို့လို အဖွဲ့တွေ မွေးထုတ်ပေးခဲ့ဖူးပါတယ်။ NewJeans ဟာ ၂၀၂၂ သြဂုတ်လ (၁) ရက်မှာ ပွဲထွက်ခဲ့ပြီး အဖွဲ့မှာ Minji, Hanni, Danielle, Haerin နဲ့ Hyein တို့ ပါဝင်ပါတယ်။
LE SSERAFIM
LE SSERAFIM အဖွဲ့ကလည်း IVE လိုပဲ IZ*ONE အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တဲ့ Sakura နဲ့ Kim Chaewon တို့ကြောင့် ပွဲမထွက်ခင်ကတည်းက နာမည်ကြီးသလို၊ “Produce 48” ပြိုင်ပွဲဝင်ဟောင်း Huh Yunjin ကလည်း လူသိများပါတယ်။ ပြီးတော့ အဖွဲ့ဝင်ဟောင်း Kim Garam ကြောင့်လည်း စိတ်ဝင်စားမှုကို ပိုရရှိခဲ့ပါတယ်။ LE SSERAFIM အဖွဲ့ဟာ ၂၀၂၂ မေ (၂) ရက်မှာ ပွဲထွက်ခဲ့ပြီး Sakura, Kim Chaewon, Huh Yunjin, Kazuha နဲ့ Hong Euncha ပါဝင်ကာ ပွဲထွက်တုန်းက ပါဝင်ခဲ့တဲ့ Kim Garam ကတော့ ပြဿနာတွေကြောင့် ၂၀၂၂ ဇူလိုင်မှာ အဖွဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
Source: KPSZ