– – – သူတို့နှစ်ယောက်စလုံးက အဲဒီတက်သစ်စ အမျိုးသမီးအဖွဲ့တွေရဲ့ အဖွဲ့ဝင်လေးတွေဟာ အရမ်းချစ်စရာ ကောင်းတယ်လို့ ဆိုခဲ့ကြတာပါ။
TWICE အဖွဲ့ဝင်တွေဖြစ်တဲ့ Sana နဲ့ Jihyo တို့ဟာ radio show တစ်ခုဖြစ်တဲ့ Wendy ရဲ့ Youngstreet အစီအစဉ်မှာ ပါဝင်ခဲ့ကြပြီး အဲဒီမှာ ဒီနေ့ခေတ် ပွဲထွက်လာကြတဲ့ K-Pop အဖွဲ့သစ်တွေအကြောင်းနဲ့ သူတို့ ခင်ချင်တဲ့ အဖွဲ့သစ်တွေအကြောင်း ပြောဆိုခဲ့ကြပါတယ်။
အဲဒီအစီအစဉ်ကို တင်ဆက်သူဖြစ်တဲ့ Red Velvet အဖွဲ့ဝင် Wendy က သူတို့ကို အခု စတုတ္ထမျိုးဆက် အဖွဲ့တွေတွေမှာ ခင်ချင်တဲ့ အဖွဲ့တွေများ ရှိသလားလို့ မေးမြန်းခဲ့ရာမှာတော့ Jihyo နဲ့ Sana တို့က စိတ်လှုပ်ရှားစွာ ဖြေခဲ့ကြပါတယ်။
Wendy ရဲ့ မေးခွန်းအပြီးမှာတော့ Sana က သူ့အနေနဲ့ အခု ပရိသတ်တွေအကြား ရေပန်းစားနေတဲ့ “NewJeans” အဖွဲ့နဲ့ ခင်ချင်ကြောင်း ပြောဆိုခဲ့ပြီး Jihyo ကတော့ “NewJeans အဖွဲ့ဝင်တွေက ချစ်စရာလေး”လို့ ဆိုခဲ့တာပါ။
Jihyo ကတော့ သူ့အနေနဲ့ Starship Entertainment က ၂၀၂၁ မှာ ပွဲထုတ်ခဲ့တဲ့ IVE ကို နှစ်သက်ကြောင်းနဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေနဲ့ ခင်မင်လိုကြောင်း ဆိုခဲ့ပါတယ်။ ပြီးတော့ Jihyo က NewJeans အဖွဲ့ရဲ့ အငယ်ဆုံးလေးဟာ သူ့ညီမရဲ့ သက်တူရွယ်တူဖြစ်လို့ ချစ်စရာကောင်းတယ်လို့လည်း ဆိုခဲ့တာပါ။
Source: Koreaboo