K pop

■ ကြိုးစားမှုတွေနဲ့ တည်ဆောက်ထားသူ (သို့) Suho

— – – တောင်ကိုရီးယားနာမည်ကျော် Kpop အမျိုးသားအဖွဲ့ EXO ရဲ့ ခေါင်းဆောင် ဖြစ်တယ်။

၁၉၉၁၊ မေလ ၂၂ ရက်မှ မွေးဖွားခဲ့တာပါ။ အသက် (၁၆)နှစ်မှာ SM Entertaiment ရဲ့ Trainee ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ် EXO နဲ့အတူ Kpop လောကကို စဝင်ခဲ့တာပါ။

Suho က သူကိုယ်သူ Super Junior က Choi Siwan နဲ့ တူတယ်လို့ ပြောတယ်။ Suho ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်ပြီး စံပြဖြစ်အောင် နေတယ်။ ယဉ်ကျေးတယ်။ အလိုလိုက်သိတတ်တယ်လို့ ဆိုကြပါတယ်။ သူဟာ ပြဿနာတွေကို ကြမ်းကြမ်းတမ်းတမ်းမဟုတ်ဘဲ ဆေးအေးဖြေရှင်းရတာကို နှစ်သက်သူ ဖြစ်တယ်။ သူက ရိုးသားပြီး လက်ဖွာသလို အဖွဲ့ဝင်တွေကိုလည်း ကျွေးမွေးလေ့ရှိပါတယ်။

Suho အကြောင်းကတော့ သိတဲ့လူ တော်တော်များများရှိနေတာဆိုတော့ အများကြီးတော့ မရေးတော့ပါဘူး။ ဒါပေမဲ့ အရေးကြီးတာတစ်ခုက Suho ဟာ ဆံပင်ရှည်ရှည်နဲ့ စာပေကို စိတ်ဝင်စားတဲ့ မိန်းကလေးမျိုးကို သဘောကျတယ်လို့ ဆိုပါတယ်။

ဒီ Post မှာ ကျွန်တော်တို့ အဓိက မက်ဆေ့ချ်ပေးချင်တာက အောင်မြင်သူတွေရဲ့ စိတ်ထားနဲ့ ဘဝအပေါ် ခံယူချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေက စာဖတ်သူတွေကို အသိတစ်ခုပေးနိုင်မယ်လို့ ခံယူထားတာကြောင့် Suho အကြောင်းဆိုတာထက် သူ့ရဲ့ ပြောစကားတွေကို အဓိက တင်ဆက်ပေးချင်တာပါ။

Suho ရဲ့ မှတ်သားဖွယ်ပြောစကားတွေ ကတော့…

— အခု ခင်ဗျား လှပါတယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မချစ်ဘူးဆိုရင် ခင်ဗျား ဘယ်လောက်ပဲ လှနေပါစေ အလှအကြောင်းကို ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး

— ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ကျွန်တော် လက်လျှော့ချင်တဲ့ အချိန်တွေ အများကြီးပါ။ ဒါပေမဲ့ ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကြိုးစားရင် အောင်မြင်မယ်ဆိုတာကို ကျွန်တော် ယုံကြည်လို့ပါပဲ။

— ကျွန်တော်ရဲ့ စတိုင်နဲ့ အကြီးမားဆုံးအားသာချက်က ကြိုးစားတာပါပဲ။ ဘယ်လောက်ပဲ သေးတဲ့ ကိစ္စဖြစ်ပါစေ ကျွန်တော် အစွမ်းကုန်ကြိုးစားတာချည်းပါပဲ။

— ကျွန်တော် ရခဲ့တာတွေကို မမေ့အောင် ကြိုးစားသလို ကျွန်တော့်အပေါ် ကူညီခဲ့တဲ့လူတွေကို ကျွန်တော် အမြဲကျေးဇူးတင်နေပါတယ်။

— ကျွန်တော့်အနေနဲ့ အမြဲတမ်းလှနေမှာ၊ အောင်မြင်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေကို ကျွန်တော် အားပေးချင်တယ်။ လူတွေကို သက်သာသွားအောင် လုပ်ပေးချင်တယ်။ ကျွန်တော် ဘေးနားမှာရှိတဲ့လူတွေကို သက်သောင့်သက်သာနဲ့ သန်သန်မာမာ ဖြစ်စေချင်တယ်။ ကျွန်တော် စုတ်ပြတ်သတ်နေမယ်ဆိုရင်တောင် ကျွန်တော့်ကြောင့် လူတွေ ပြုံးပျော်နိုင်ဖို့ ကျွန်တော် အားထုတ်နေဦးမှာပါ။

You cannot copy content of this page