Baekhyun ကို ၁၉၉၂ ခုနှစ်၊ မေလ ၆ ရက်မှာ မွေးဖွားတာပါ။ Seoul Institute of the Arts မှာ ကျောင်းတက်နေစဉ်မှာပဲ Baekhyun က SM Entertaiment ရဲ့ Audition ကို အောင်မြင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ Trainee အဖြစ် စတင်ခဲ့တယ်။
EXO ရဲ့ အဓိကအဆိုရှင် ဖြစ်ပြီး OST တွေနဲ့ နောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်အဖြစ် ပါဝင်လာတာ ဖြစ်ပါတယ်။ Baekhyun ဟာ SNSD အဖွဲ့ခေါင်းဆောင် Tayeon နဲ့ တွဲခုတ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
သူ့ရဲ့ Dating သတင်းတွေကြောင့် နာကျင်ရတဲ့သူတွေကို တောင်းပန်ပါတယ်လို့ Baekhyun က ဆိုထားပါတယ်။ သူဟာ လူတွေနဲ့ သူငယ်ချင်းဖြစ်လွယ်ပြီး ပေါင်းသင်းဆက်ဆံရတာ အရမ်းလွယ်ကူတယ်လို့ ဆိုကြပါတယ်။ သူရဲ့ Idol က Rain ဖြစ်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတွေကို သဘောကျပါတယ်တဲ့။
Baekhyun အကြောင်းစုံကိုတော့ မရေးတော့ပါဘူး။
သူ့ရဲ့ ပြောစကား၊ ခံယူချက်တွေထဲက အကောင်းဆုံး ငါးခုကို ဖော်ပြထားပါတယ်။
– ဘဝဆိုတာ အစွမ်းကုန်ကြိုးစားရမယ့် လမ်းတစ်ခု ဖြစ်တယ်။
– ကျွန်တော် သိတဲ့အမှန်တရားတစ်ခုကတော့ ဒီကမ္ဘာမှာ ဘယ်အရာမှ လွယ်လွယ်မရဘူးဆိုတာပါပဲ။
– အမြဲတမ်း အားတင်းထားစမ်းပါ။ တိုက်ခိုက်ကြစမ်းပါ။ ခင်ဗျားတို့ကို ကျွန်တော် အမြဲတမ်း အားပေးနေတယ်။
– ယုံကြည်မှုဆိုတာ နှစ်တွေအကြာကြီး တည်ဆောက်ယူရပေမယ့် ပျက်သွားဖို့က ခဏလေးပါပဲ။ ပြန်ပြင်ဆင်မယ်ဆိုရင်တော့ တစ်သက်လုံး ပြင်ပေတော့ပဲ။
– လူတွေက ပြောကြတယ် အရာအားလုံးက အကြောင်းတရားကြောင့် ဖြစ်တာတဲ့။ အဲဒါကို ကျွန်တော် အကြွင်းမဲ့ယုံကြည်တယ်။ အရာအားလုံးက အကြောင်းတရားကင်းတဲ့ အကျိုးတရား မရှိပါဘူး။