K pop

■ ဘဝမှာ နာကျင်စရာတွေရှိပေမယ့် ရှေ့ဆက်လျှောက်မယ့် D.O. (EXO)

D.O. ရဲ့ 100 Days My Prince ကားကို ကြည့်ပြီးကြပြီး ထင်ပါတယ်။ မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါလို့ ညွှန်းလိုက်ပါတယ်။ အဲဒီကားမှာ D.O. ရဲ့ သရုပ်ဆောင်တွေကို တဝကြီးခံစားခွင့်ရမှာ ဖြစ်ပါတယ်။

၁၉၉၃၊ ဇန်နဝါရီ ၁၂ ရက်မှ လူလောကကို ရောက်လာခဲ့တဲ့ D.O. ဟာ မကြာခင်မှာ ၂၆ နှစ် ပြည့်တော့မှာပါ။ နံပါတ် ၁ နဲ့ အနက်ရောင်ကို ကြိုက်တဲ့ D.O. ဟာ ၂၀၁၀ ခုနှစ်က ကျင်းပတဲ့ အဆိုပြိုင်ပွဲမှာ ဆုရရှိပြီး SM Entertainment ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မိသားစု (၄) ယောက်ရှိပြီး အငယ်ဆုံးသားဖြစ်ပေမယ့် D.O. ဟာ EXO အဖွဲ့မှာတော့ ရင့်ကျက်တဲ့ လူကြီးလေးဖြစ်ပြီး အဖွဲ့ဝင်တွေကို မိခင်တစ်ယောက်လို စောင့်ရှောက်လေ့ရှိပါတယ်။ EXO drom မှာ ညစ်ပတ်ပေရေပြီဆိုရင် အဖွဲ့ဝင်တွေဟာ D.O. ဆီမှာ အဆူခံရဖို့ ပြင်ဆင်ထားရတော့မှာ ဖြစ်ပါတယ်။

အလိုက်သိတတ်ပြီး ခံစားလွယ်တဲ့ D.O. ဟာ အဖွဲ့ဝင်ဆီမှာ စနောက်ခြင်းကို ခံရလေ့ရှိသလို ကြောက်တတ်သူလည်း ဖြစ်ပါတယ်။D.O. ဟာ တစ်ခုခုကို ကြောက်နေပြီးဆိုရင် အတိတ်မေ့သူတစ်ယောက်လို လွယ်ကူတဲ့အရာတွေကိုတောင် မေ့တတ်သူဖြစ်ပြီး သူစိမ်းတွေနဲ့ အရမ်းရှက်တတ်သူ ဖြစ်ပါတယ်။

ဒါပေမဲ့ အလိုက်တသိနဲ့ စကားပြောတတ်တဲ့လူတွေကိုတော့ D.O. က လွယ်လွယ်နဲ့ပဲ ခင်တတ်သူပါ။ D.O. ဟာ အချက်အပြုတ်ကျွမ်းကျင်ပြီး Member တွေကို ချက်ကျွေးလေ့ရှိပါတယ်။ သူက ဟင်းချက်တာတော်လို့လားတော့ မသိဘူး။ ကောင်းကောင်းစားနိုင်ပြီး ကြင်နာတတ်တဲ့ မိန်းကလေးတွေဆို အရမ်းသဘောကျတယ်လို့ D.O. က ဝန်ခံထားပါတယ်။နီးစပ်ချင်ရင်တော့ များများစားနိုင်အောင် မမတို့အနေနဲ့ လေ့ကျင့်ထားဖို့ လိုမယ် ထင်ပါတယ်။

D.O. ဟာ EXO မှာ အဓိကအဆိုရှင်ဖြစ်ပြီး အဖွဲ့ဝင်တွေထဲမှာ ဇာတ်ကားရိုက်ကူးမှုအများဆုံးလည်း ပြောနိုင်ပါတယ်။ အဆိုမှာတင် တော်တာမဟုတ်ဘဲ သရုပ်ဆောင်ပိုင်းမှာပါ တော်တဲ့ D.O. ရဲ့ အကြောင်းတွေကို များများစားစား ပြောမနေတော့ပါဘူး။ ထုံးစံအတိုင်း သူ့ရဲ့ ခံယူချက်နဲ့ ဘဝအမြင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

– အတိတ်ဆိုတာ ကျန်ခဲ့ပြီး။ မေ့လိုက်ပါတော့။ ရဲရဲဝံ့ဝံ့နဲ့ ရှေ့ဆက်ဖို့သာ ကြိုးစားပါ။

– နောက်ကျနေမယ်ဆိုရင် အရေးကြီးတဲ့အရာတွေကို မင်းဆုံးရှုံးရလိမ့်မယ်။

– ကျွန်တော်တို့က လူသားတွေပါ။ ဒီတော့ ခံစားရတာတွေ၊ နာကျင်ရတာတွေ ရှိတယ်။ ဒါကို ရှောင်လွဲချင်လို့ မရဘူး။

– ကျွန်တော့်အနေနဲ့ အတွေ့အကြုံသစ်တွေ အလုပ်သစ်တွေ လုပ်ရတာကို ကြိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြိုးစားကြည့်ချင်တယ်။

– ကျွန်တော့်ဟာ ပရိသတ်တွေကို အစစ်အမှန်ကိုပဲ ပြသဖို့ ကြိုးစားနေတာပါ။

You cannot copy content of this page