K pop

■ ဘယ်လောက်ဆိုးဆိုး ရင်ဆိုင်ဖို့ အသင့်ရှိနေသူ (သို့) Kai

Kim Jong In ဆိုတာ Kai ရဲ့ နာမည်ရင်း ဖြစ်ပါတယ်။ SM Entertainment ရဲ့ အကအတော်ဆုံး Artist တွေက တစ်ယောက်ဖြစ်တဲ့ Kai  မှာ အမနှစ်ယောက်ရှိပြီး အငယ်ဆုံးသားလေးဖြစ်ပေမယ့် Kai ဟာ အရမ်းကြင်နာတတ်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ အေးတိအေးစက်နေတဲ့ ပုံစံကြောင့် Kai ကို လူတွေကို မခင်တတ်ဘူးလို့ ထင်ကြတယ်လို့ ဆိုပါတယ်။

Kai က EXO အဖွဲ့ဝင်တွေထဲမှာ စိတ်အတိုတတ်ဆုံးလူသားဖြစ်ပြီး လျှာကို ကိုက်တာက သူ့ဝါသနာ ဖြစ်ပါတယ်။ Asia’s first love လို့ တင်စားခံရတဲ့ Kai ဟာ အလွန်ရှက်တတ်သူဖြစ်တယ်လို့ Baekhyun က ဆိုပါတယ်။

သူ့ရဲ့ဝါသနာက အကနဲ့ စာဖတ်တာဖြစ်ပြီး ဂိမ်းဆော့ရတာကို အလွန်ကြိုက်သူဖြစ်ပြီး ဂိမ်းဆော့တဲ့နေရာမှာ ပါရမီရှိသူလို့ သတ်မှတ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘယ်ဂိမ်းဖြစ်ဖြစ် ကောင်းကောင်းဆော့တတ်တယ်လို့ ဆိုပါတယ်။

Kai ရဲ့ ပုံစံက အေးစက်စက်နိုင်ပေမယ့် အပေါင်းအသင်း ဝင်ဆံ့သူဖြစ်ပြီး SHINee ရဲ့Taemin, BTS ရဲ့ Jimin, Wanna One/HotShot ရဲ့ Sungwoon, HotShot ရဲ့ Timoteo, VIXX ရဲ့ Ravi တို့က Kai နဲ့ ကောင်းကောင်းခင်တဲ့လူတွေ ဖြစ်ပါတယ်။

Kai က စိတ်ဆက်တက်သူပီပီ အိပ်နေရင် နှောင့်ယှက်တာကို လုံးဝမကြိုက်ဘူးလို့ ဆိုပါတယ်။ Kai က မင်းသမီး Han Yeseul ကို သဘောကျပြီး သူမလို သိမ်သိမ်မွေ့မွေ့နဲ့ ချစ်ခင်တတ်တဲ့ အမျိုးသမီးကို သဘောကျတယ်လို့ ဆိုပါတယ်။

Kai ရဲ့ ဘဝအမြင်တွေနဲ့ ဒီမှာ တစ်ခန်းရပ်ချင်ပါတယ်။ ဖတ်ပါ။ မှတ်ပါ။ အတုယူပါလို့ တိုက်တွန်းပါရစေ။

– ဘဝမှာ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရကို ဖန်တီးလိုက်ပါ။

– ကျွန်တော် စိတ်ဓာတ်ကျလာပြီဆိုရင် ကျွန်တော့်ရဲ့မျက်လုံးတွေကို မှန်ထဲမှာ သေချာကြည့်လိုက်ပြီး ဒုက္ခတွေကို ငိုကြွေးပစ်တယ်။ ဒါက ရှက်စရာမဟုတ်ပါဘူး။ အဆိုးတွေကို ဖယ်ထုတ်နိုင်ဖို့ပဲ အရေးကြီးတာပါ။

– စင်ပေါ်မှာ လဲသေသွားမယ်ဆိုရင်တောင် ကျွန်တော် နောင်တတစ်စက်မှ ရမှာ မဟုတ်ဘူး။

– လူတော်တော်များများက ကိုယ်ပျော်နေတာကို ပျော်နေမှန်း နားမလည်ကြဘူး။ ဒီတော့ အဲဒါတွေ ကျော်သွားရော။ အခုအချိန်က မင်းအတွက် ပျော်စရာအကောင်းဆုံးအချိန် ဖြစ်နိုင်ပါတယ်။ အားလုံးက ကိုယ့်စိတ်အပေါ်မှာပဲ မူတည်တာပါ။

– အဆိုးတွေနဲ့ တွေ့လာတဲ့အခါ အရှုံးပေးတာထက် တောင်ခံပြီး အောင်မြင်အောင် လုပ်တာကိုပဲ သဘောကျတယ်။

You cannot copy content of this page