K pop

■ EXO နဲ့ EXOL တွေရဲ့ အချစ်တော်လေး Sehun

– – – သူ့ကိုတော့ Bron Cele လို့ ပြောရမယ်ထင်တယ်။ ဟုတ်တယ်လေ။ သူများတွေ Audition အသည်းအသန်း ဖြေနေချိန်မှာ Sehun ဆိုတဲ့ ဆရာသမားက လမ်းပေါ်မှာ လမ်းလျှောက်နေရင်း Kpop ကင်းထောက်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတယ်ဆိုတာ နည်းတာမှတ်လို့။

၁၉၉၄၊ ဧပြီလ ၁၂ က Sehun ရဲ့မွေးနေ့ ဖြစ်ပါတယ်။ အရပ်က ၆ ပေ ရှိပြီး သူ့ထက် ၃ နှစ်ကြီးတဲ့ အစ်ကိုတစ်ယောက် ရှိတယ်။ Miranda Kerr ကို အသည်းစွဲကို အားပေးတဲ့ Sehun ဟာ member တွေကို ဂရုစိုက်ပြီး ညတိုင်း သူတို့အတွက် ဆုတောင်းပေးတတ်သူလည်း ဖြစ်တယ်။

သူစိမ်းတွေနဲ့ ခပ်တည်တည်နဲ့ ပေါင်းသင်းရခက်ပေမယ့် ခင်သွားပြီးဆိုရင်တော့ တကယ့်ကို အရှုပ်ထုပ်လေး ဖြစ်ပါသတဲ့။ စနောက်သန်တယ်။ အလိုက်သိတတ်တယ်။ ရှက်တတ်တယ်။ ခင်သူတွေနဲ့ဆိုရင် ရွတတ်တဲ့ စတိုင်မျိုးဖြစ်ပြီး Action movies ကို နှစ်သက်တဲ့ Sehun ဟာ မကြီး BoA ကို စံပြအဖြစ် သတ်မှတ်ထားသူ ဖြစ်ပါတယ်။

သွေးအမျိုးအစားက အို သွေးဖြစ်တာကြောင့် ခံစားလွယ်တဲ့ Sehun ဟာ ဝေဖန်ခံရပြီးဆိုရင် အလွန်ကို နာကျင်ခံစားတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် ကြင်နာတတ်ပြီး သပ်သပ်ရပ်ရပ်နဲ့ ပျော်စရာကောင်းတဲ့ မိန်းကလေးကို သဘောကျတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Sehun ဟာ သူ့အနေနဲ့ အသက် ၃၀ မတိုင်ခင်အထိ အိမ်ထောင်ပြုမှာ မဟုတ်ဘူးလို့ ဆိုထားပြီး သူ့ရဲ့ အိမ်ထောင်ဖက်ဟာ သူ့မိသားစုကို ကောင်းကောင်းဆက်ဆံမယ့်သူ၊ အိမ်မှုကိစ္စတွေကို သေချာထိန်းသိမ်းပေးမယ့်သူမျိုး ဖြစ်စေချင်တယ်လို့ ဆိုထားပါတယ်။

Sehun ရဲ့ ပြောစကားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကြိုက်ရင် ယူပြီး ဘဝအတွက် သုံးလို့ရအောင်ပါ။

– ဘဝမှာ ကိုယ်ကြိုက်တာလေးတွေလုပ်ရင်း ကျွန်တော်တို့ ရှင်သန်ကြရအောင်ပါ။

– ကျွန်တော်ကတော့ လူတွေအနေနဲ့ တစ်ဦးဆီက တစ်ဦး သင်ယူနိုင်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက ကိုယ့်နည်းကိုယ်ဟန်နဲ့ တော်တဲ့လူတွေချည်းပဲလေ။

– ပေါင်းသင်းဆက်ဆံရေးက ဘဝမှာအရေးအကြီးဆုံးလို့ ကျွန်တော် ထင်တယ်။ လူတိုင်းက တစ်ဦးကို တစ်ဦး မြင်တွေ့ရတာများလာလေ တစ်ဦးကို တစ်ဦး ချစ်ခင်နှစ်သက်လေပဲလေ မဟုတ်ဘူးလား။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ ပျော်ဖို့ ကောင်းပါတယ်။

– ကျွန်တော် ကိုယ်မလုပ်ဖူးတဲ့ အသစ်ဆိုရင် ဟာ… နောက်တစ်ခု သိဖို့တော့ အခွင့်အရေးရပြီလို့ပဲ မြင်တယ်။

– ကျွန်တော်ကတော့ ဘဝမှာအတွေ့အကြုံတွေ အများကြီးရှိချင်တယ်။ အလုပ်တွေ အများကြီး လုပ်ချင်တယ်။ လူတွေကို ကူညီဖို့ တစ်ဦးဆီက တစ်ဦး သင်ယူချင်တယ်။ ကျွန်တော် လိုချင်တဲ့ ဘဝဆိုတာ အဲလိုမျိုးပါ။

– Cj
via Koreaboo

You cannot copy content of this page