K pop

■ နောင်တတွေ မရှိချင်သူ (သို့) Lay

“ရုပ်ဆိုးတဲ့ မိန်းကလေးတွေကို ကျွန်တော် လက်မထပ်ချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိလို့ပါ”

ဒီစကားက Lay ရဲ့ စကားပါ။ တရုတ်လူမျိုးတစ်ဦးဖြစ်တဲ့ Lay ကို ၁၉၉၁ အောက်တိုဘာ (၇)ရက်မှာ မွေးဖွားတာပါ။ Lay ရဲ့ တရုတ်နာမည်က Zhang Yixing ဖြစ်ပြီး တရုတ်နိုင်ငံမှာ စာရေးဆရာတစ်ဦးဖြစ်သလို Solo တစ်ယောက်အနေနဲ့ အောင်မြင်နေသူလည်း ဖြစ်ပါတယ်။

ငယ်ဘဝကို ဘိုးဘွားတွေနဲ့ ဖြတ်သန်းလာသူဖြစ်ပြီး ၂၀၀၈ မှာ SM Entertainment ရဲ့ global auditions ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သူပါ။ ကြိုးစားမှု၊ မိမိကိုယ်ကိုယ်နိမ့်ချမှု၊ ပေါင်းသင်းရလွယ်ကူပြီး၊ ပျော်ရွှင်ပေါ့ပါးစွာနေတတ်သူ Lay ဟာ တစ်ခါတလေမှာတော့ ကပ်သီးကပ်ဖဲ့ လုပ်တတ်ပြီး မေ့တတ်သူဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ ကိုရီးယားစကားကို ကျွမ်းကျင်စွာပြောတတ်ပြီး လေ့ကျင့်ရေးတွေမှာ အစောဆုံးရောက်လာတတ်ပြီး နောက်အကျဆုံး ပြန်တတ်သူဖြစ်ပါတယ်။ တစ်ခုရှိတာက Lay က တုံ့ပြန်မှု အားနည်းပါတယ်။ ဥပမာပြောရရင် လူတစ်ယောက်က ရယ်စရာပြောလိုက်ပြီဆိုရင် တခြားလူတွေ ရယ်ကြပေမယ့် Lay ကတော့ ချက်ချင်း မရယ်သေးဘဲ ခဏကြာပြီး သဘောပေါက်တော့မှ ထရယ်တာမျိုးပါ။

ဘာမှ လုပ်စရာမရှိရင်တော့ ချက်ပြုတ်နေတယ်ပြီး ချက်ပြုတ်ရတာက သူ့ရဲ့ ဝါသနာဖြစ်ပါတယ်။ သူဟာ ကိုရီးယားမှာရော တရုတ်မှာ ဇာတ်ကားတွေ အများကြီး ရိုက်ကူးထားသလို၊ စာရေးရာမှာလည်း အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ Lay ဟာ တစ်ကိုယ်တော် ဆုပေါင်းများစွာရယူထားနိုင်တဲ့ တရုတ်နိုင်ငံရဲ့ စံပြလူငယ်တစ်ယောက်ဖြစ်ပြီး သူသာ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သူ့လိုလူကိုပဲ ရွေးချယ်မယ်လို့ ဆိုထားပါတယ်။

Lay ရဲ့ စိတ်ကူးထဲက မိန်းကလေးကတော့ ချစ်စရာကောင်းပြီး နွေးထွေးမှုနဲ့ တာဝန်သိတတ်တဲ့သူမျိုးလို့ သိရပါတယ်။ Lay အကြောင်း အပြည့်အစုံတော့ မဟုတ်ပါဘူး။ ထပ်သိချင်သေးတယ်ဆိုရင်တော့ အင်တာနက်မှာ မွေကြည့်ကြတာပါ။

– ကျွန်တော် အတတ်နိုင်ဆုံးအစွမ်းကုန်ကြိုးစားမယ်။ ပြီးတော့ ကျွန်တော့်အဖွဲ့ဝင်တွေနဲ့အတူ အောင်မြင်မှုနေ့ရက်တွေဆီ ချီတက်သွားမှာပါ။

– ကျွန်တော့် EXO အဖွဲ့အနေနဲ့ ဘယ်လောက်ထိ ကြာအောင် ရပ်တည်နိုင်မလဲ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကျွန်တော်တို့အတူတူရှိနေပြီး ပျော်စရာတွေကို ဖန်တီးသွားမှာပါ။

– ခင်ဗျားတို့ ကျွန်တော့်ကို အားပေးနေတဲ့အခိုက်အတန့်တိုင်းကို ကျွန်တော် မြတ်နိုးပါတယ်။ အဲလောက်ဆိုရင် ကျွန်တော့်အတွက် လုံလောက်ပါပြီ။

– တချို့အရာတွေမှာ ဟန်ဆောင်တာမျိုးရှိပေမယ့် အခု Lay ဟာ အရှိအတိုင်း Lay ပါပဲ။

– နောင်တဆိုတာမျိုးမရှိအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။

– Cj
via Koreaboo

You cannot copy content of this page