K pop

■ အခက်အခဲတွေဆိုတာ ဖြတ်ကျော်ရတာချည်းပါပဲလို့ ဆိုတဲ့ Chen

ပြောင်တယ်။ နောက်တယ်။ ခေါင်းမာတယ်။ ယဉ်ကျေးသိမ်မွေ့တယ်။ ဒါတွေအားလုံးကို Chen ဆီမှာ မြင်နိုင်တယ်။

Chen ဟာ EXO မှာ High Note တွေ အဆိုနိုင်ဆုံး အဆိုတော် ဖြစ်ပါတယ်။ သူက ဘာလို့ဒီလိုဆိုနိုင်တာလဲဆိုတော့ မျိုးရိုးကြောင့်လို့ ပြောရမှာပါ။ သူ့အဖေကလည်း Main Vocal ဖြစ်ဖူးတာကိုး။

၂၀၁၁ မှာ SM Entertainment ကို ရောက်ရှိခဲ့တာဖြစ်ပြီး အဆိုတော်သာ မဖြစ်ခဲ့ဘူးဆိုရင် ဒီနေ့မှာ vocal trainer တစ်ယောက်ဖြစ်နေမယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

Chen ကို သူ့မိသားစုက အဆိုတော် မဖြစ်စေချင်ဘူး။ သူ့အဖေက အဆိုတော်ဖြစ်ခဲ့ဖူးတာကြောင့် အတိတ်မှာနာကျင်တွေ ရှိခဲ့မှာဖြစ်ပြီး Chen ကို မနာကျင်စေချင်တာကြောင့် တားဆီးခဲ့တာ ဖြစ်မှာပါ။

ဒါပေမဲ့ Chen ဟာ သူလမ်းကို သူဆက်လျှောက်ခဲ့ပါတယ်။ သူက အမြဲတမ်း ပြုံးနေတတ်သူ ဖြစ်ပါတယ်။ခင်ဗျားအနေနဲ့ Chen နဲ့ တွေ့ခဲ့မယ်ဆိုရင် ရယ်စရာတစ်ခုသာ ပြောလိုက်ပါ။ ရယ်စရာမကောင်းရင်တော့ သူက ဟက်ဟက်ပက်ပက် ရယ်ပါလိမ့်မယ်။

Chen က EXO အဖွဲ့ထဲမှာ လူရွှင်တော် ဖြစ်တယ်လို့ Sehun က ဆိုပါတယ်။ ဗီဒီယိုဂိမ်းတွေက Chen အနှစ်သက်ဆုံးအရာတွေ ဖြစ်ပြီး Drom မှာ အားနေရင် အမြဲတမ်း ဂိမ်းကစားနေတဲ့ သူလည်း ဖြစ်ပါတယ်။

၁၉၉၂၊ စက်တင်ဘာ ၂၁ ရက်က Chen မွေးနေ့ ဖြစ်ပြီး သူ့ကို ဂရုတစိုက်နဲ့ ကြင်နာမယ့် မမတွေကို သဘောကျတယ်လို့ ဆိုပါတယ်။ Chen ကတော့ တစ်နေ့ သူ မင်္ဂလာဆောင်မယ်ဆိုရင် ဇနီးလောင်းက ဟင်းကောင်းကောင်း ချက်တတ်စေချင်တယ်လို့ ဆိုထားပါတယ်။

Chen က ကိုရီးယားလူမျိုး အကိုတစ်ယောက်ရှိပါတယ်။ ထုံးစံအတိုင်း Chen ရဲ့ ဘဝအတွေးအမြင်ကို ထင်ဟပ်စေတဲ့ သူ့ရဲ့ ပြောစကား ၅ ခွန်းနဲ့ အဆုံးသတ်ထားပါတယ်နော်။

– အရင်တုန်းကတော့ ဘယ်လောက်သေးတဲ့ အမှားလေးပဲ လုပ်မိလုပ်မိ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လေ့ရှိတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် နားလည်သွားပါပြီ။ အတိတ်မှာ ဖြစ်ခဲ့တာတွေအားလုံးကို စဉ်းစားတွေးတောနေဖို့ မလိုဘူးဆိုတာကိုပေါ့။

– ဘာသာစကားတွေ ဘယ်လောက်ပဲကွဲကွဲပါ။ ဂီတကတော့ အတူတူပါပဲ။

– အောင်မြင်ဖို့အတွက် အခက်အခဲတွေ ကျော်ဖြတ်ရတာချည်းပါပဲ။

– အောင်မြင်မှုမရခင်မှာ ကိုယ်က ဘယ်လိုလူလဲဆိုတာ ကောင်းကောင်းနားလည်ထားဖို့ လိုပါတယ်။ အဲလိုမှမဟုတ်ဘူးဆိုရင် အကြောင်းအမျိုးမျိုး၊ အခြေအနေအမျိုးကြောင့် ပန်းတိုင်နဲ့ လွဲချော်သွားနိုင်တယ်။

– ကျွန်တော်ကတော့ လူတိုင်းကို ညီမျှဆက်ဆံသင့်တယ်လို့ ယုံကြည်ပါတယ်။

– Cj
via Koreaboo

You cannot copy content of this page