K pop

■ လူတွေက မဖြစ်နိုင်ဘူးလို့ပြောတာကို လုပ်ပြချင်တဲ့ Xiumin

Xiumin ရဲ့ ပင်မရည်မှန်းချက်က Martial Arts ကျောင်းကို တက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ပါရမီကိုရိပ်မိတဲ့ သူငယ်ချင်းတစ်ယောက်က Xiumin ကို အဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ တိုက်တွန်းခဲ့ပါသတဲ့။

Xiumin က လူကောင်းသေးသေးနဲ့ မျက်နှာက ငယ်ရုပ်မပျောက်သေးပေမယ့် EXO မန်ဘာတွေထဲမှာ အသက်အကြီးဆုံးဖြစ်ပါတယ်။ မွေးနေ့က မတ် ၂၆ ပါ။ Xiumin ဟာ အရာရာတိုင်းမှာ တိတိကျကျလုပ်လေ့ရှိပြီး ကိုယ်ကာယသန့်ရှင်းရေးနဲ့ အလှအပကို အရမ်းဂရုစိုက်တယ်လို့ ဆိုပါတယ်။

တစ်နေ့ကို အနည်းဆုံး ရေတစ်ခါချိုးတဲ့ Xiumin ဟာ အဖွဲ့ဝင်တွေကို ကျီစယ်လေ့ရှိသူဖြစ်ပြီး EXO မှာတော့ သူက အသန့်ရှင်းဆုံး၊ အသေသပ်ဆုံးနဲ့ အသန်မာဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ငယ်ငယ်ကတည်းက Martial Arts ကို ဝါသနာပါခဲ့တာကြောင့် Xiumin ဟာ တိုက်ကွန်ဒို၊ ကန်ဒို၊ ဓားရေးပြိုင်တဲ့ အားကစားနည်းကို ကျွမ်းကျင်တဲ့အပြင် ဘောလုံးကိုလည်း ကောင်းကောင်း ကစားတတ်သူ ဖြစ်ပါတယ်။

Xiumin ရဲ့ စရိုက်ကတော့ ကြင်နာတတ်တာ၊ သေသေသပ်သပ်နေတတ်တာ၊ ချစ်စရာကောင်းတာနဲ့ ကျီစယ်တတ်တာတို့ ပါပဲ။ Xiumin က ကြောင်ကို အရမ်းကြောက်ပါတယ်။ အဲဒီလိုကြောက်ရအောင်လည်း အကြောင်းက ရှိပြီးသားပါ။ Xiumin ငယ်ငယ်က ကြောင်အကုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ အကြိုက်ဆုံးအရာတွေကတော့ ကွန်ပျူတာ၊ ဟမ်းဖုန်း၊ MP 3 Player တို့ဖြစ်ပြီး ပရိသတ်တွေဆီက ပေးတဲ့ လက်ဆောင်တွေကို အရမ်းတန်ဖိုးထားတယ်လို့ ဆိုပါတယ် Xiumin က အစားအသောက်ကို အလွန်နှစ်သက်သူဖြစ်ပြီး Trainee ဘဝတုန်းက ဝတာကြောင့် အစာမစားဘဲ ဝိတ်ချခဲ့ရတာဟာ သူ့အတွက် အဆိုးဆုံးဖြစ်တယ်လို့ ဝန်ခံဖူးပါတယ်။

Xiumin ဟာ Web drama ဇာတ်လမ်းတွဲတစ်ခုနဲ့ ရသစုံလင်အစီအစဉ်တစ်ခုမှာ Cast Member အဖြစ် ပါဝင်ခဲ့ပါတယ်။ Xiumin ရဲ့ စိတ်ကူးထဲက မိန်းကလေးကတော့ နှစ်သိမ့်မှုပေးနိုင်ပြီး စိတ်သဘောထားပြည့်ဝတဲ့သူမျိုး ဖြစ်ပါတယ်တဲ့။ Xiumin အကြောင်းကိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါမယ်။ ထုံးစံအတိုင်း Xiumin ရဲ့ ပြောစကားတွေကို ဖတ်ကြည့်ပြီး ယူစရာရှိတာ ယူပြီး လက်တွေ့ကျင့်သုံးကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

– ဘဝမှာ အကောင်းဆုံးအရာတစ်ခုက လူတွေက မင်းမလုပ်နိုင်ပါဘူးကွာဆိုပြီး ပြောတာကို ကိုယ်က ဖြစ်မြောက်အောင် လုပ်လိုက်နိုင်တာပါပဲ။

– ဘဝမှာ အချစ်ခံရတာနဲ့ သာယာလှပအောင် နေထိုင်တာက ခြားနားပါတယ်။

– မင်း လုပ်ချင်တာ တစ်ခုခုများရှိလား။ လုပ်လိုက်ပါ။

– ကျွန်တော်က ကျွန်တော် ဘယ်လိုလူလဲဆိုတာကို လက်ခံတယ်။ စိတ်ကူးယဉ်ထက် လက်တွေ့ကိုပဲ ကျွန်တော် ပိုကြိုက်ပါတယ်။

– ကျွန်တော်က လောဘသိပ်မကြီးသလို ရန်ကြွေးကို ထွေးပွေ့ထားတာမျိုးလည်း မရှိပါဘူး။ ဒါက ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို မကြိုက်ဘူး၊ ရင်မဆိုင်ချင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။

– Cj
via Koreaboo

You cannot copy content of this page