K pop

■ အိပ်မက်တွေရှိနေသရွှေ့ ကျွန်တော် ပြုံးနေဦးမယ် (၁)

– – – ဖြစ်ချင်စိတ်များလာလေ အိပ်မက်တွေက ကြီးလာလေပါပဲ။ အိပ်မက်တွေကြီးလာတဲ့အခါ ယုံကြည်မှုဖြစ်လာတယ်။ အဲဒီယုံကြည်မှုကြောင့် ကျွန်တော် ပြုံးနေတယ်။

မျှော်လင့်ချက်တွေက အောင်မြင်မှုတွေဆီလျှောက်လှမ်းဖို့ ကျွန်တော့်ကို ခွန်အားပေးတယ်။ ပြီးတော့ အိပ်မက်တွေက ကျွန်တော့်ကို ပြုံးနေအောင် ခွန်အားတွေ ပေးတယ်။

၂၀၀၆ ခုနှစ်ရဲ့ နွေကာလတစ်ခုဖြစ်တဲ့ မေလမှာပေါ့။ အသက် (၅၀) အရွယ် လူတစ်ယောက် စာရွက်တွေကို ကိုင်ရင်း လမ်းလျှောက်နေတယ်။ သူ့ကို YG က ဝန်ထမ်းတွေက ဗီဒီယိုအင်တာဗျူးပုံစံမျိုး လိုက်ရိုက်နေတယ်။

“Dae Sung အဖေ ဟုတ်ပါတယ်နော်” ဒါက VJ သမားရဲ့ အမေး။ ဗီဒီယိုအရိုက်ခံနေရတဲ့လူက “Dae Sung အကြောင်း ကျွန်တော့်ကို လာမပြောနဲ့။ သူက ကျွန်တော် မကြိုက်တဲ့ ဒီဂီတကိုပဲ တစိုက်မက်မက်လုပ်နေတယ်။ ပြီးတော့ ကျွန်တော့်ကို ဗီဒီယိုလည်း မရိုက်ပါနဲ့”ဆိုပြီး ဒေါသတကြီးနဲ့ ပြောပြီး သူလိုရာကို ထွက်သွားခဲ့ပါတယ်။

Dae Sung ရဲ့အဖေက သားဖြစ်သူကို အဆိုတော်မဖြစ်စေချင်ဘူး။ ဒါပေမဲ့ Dae Sung ကတော့ ဂီတအတွက် အားလုံးကို စွန့်လွှတ်ရဲသူ ဖြစ်တယ်။

“ကျွန်တော့်အဖေက ကျွန်တော့်ကို အဆိုတော် မဖြစ်စေချင်ဘူး။ ကျွန်တော် အဆိုတော်ဖြစ်ချင်တယ် ပြောတိုင်း အဖေနဲ့ ရန်ဖြစ်ရတာချည်းပဲ။ ဒါက အရမ်းခက်ပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်နဲ့ ရည်မှန်းချက်က အဖေ့ကြောင့် အရမ်းကို ခက်ပါတယ်”
– Dae Sung

အသက် (၁၇) နှစ်အရွယ် Kang Dae Sung ဆိုတဲ့ ကောင်လေးမှာ တခြားဆယ်ကျော်သက်တွေနဲ့ မတူတဲ့ အိပ်မက်တွေ ရှိတယ်။ သူက အဆိုတော် ဖြစ်ချင်တာ။ သူ့အဖေကတော့ ဘဝမှာအများကြီးမလိုဘူးဆိုတဲ့ပုံပါပဲ။ သူ့သားလေး Dae Sung ကို တခြားမိဘတွေလိုပဲ ပညာကိုကောင်းကောင်းသင်စေချင်ပြီး ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းစေချင်တယ်။

ဒါပေမဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေဟာ Dae Sung ရဲ့ ရွေးချယ်မှုမှာ မျက်နှာငယ်လို့။ စိတ်မကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ Dae Sung ကတော့ အဆိုတော်မှ မဖြစ်ရရင် သေလိုက်တာက ပိုကောင်းတယ်ဆိုတဲ့ လူမျိုးဖြစ်နေတာကို။ တောင်းပန်ပါတယ် … အဖေ။

“ကျွန်တော် ငယ်ငယ်တုန်းက ထမင်းစားနေရင်း ဇွန်းကို တစ်ခါလွှင့်ပစ်ခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ ဟင်းတွေကို ကျွန်တော် မကြိုက်လို့ပါ။ ဒီတော့ အဖေကလည်း ခေါင်းမာသူပီပီ ကျွန်တော့်ကို သုံးရက်လောက် ထမင်းမကျွေးဘဲ ထားခဲ့တယ်”- Dae Sung

Dae Sung ရဲ့အဆိုတော် အိပ်မက်ကို ဖခင်ဖြစ်သူ ကန့်ကွက်ရတဲ့အကြောင်းကို Dae Sung ရဲ့ အစ်မ Kang Bo Ra က အခုလိုပြောပါတယ်။ Kang Bo Ra က “အဖေက မောင်လေး(Dae Sung) ကို အဆိုတော် မဖြစ်စေချင်ဘူး။ ဂီတနဲ့ ပတ်သက်ပြီး Dae Sung ဘယ်လောက်ကြိုးစားကြိုးစား အဖေက Dae Sung ကို ဘယ်တော့မှ အကောင်းပြောမယ်လို့ ကျွန်မ မထင်ဘူး”လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ ကန့်ကွက်နေတဲ့ကြားကပဲ Dae Sung ဟာ သူ့လမ်းကို သူလျှောက်လှမ်းခဲ့ပါတယ်။ YG ကို စရောက်တုန်းက ခေတ်ပေါ် Pop သီချင်းတစ်ပုဒ်သာ သိတဲ့ (ဒါတောင် Audition ဝင်ပြိုင်ဖို့ အလွတ်ကျက်ထားတာဖြစ်) Dae Sung ဟာ တစ်နှစ်ကျော်အတွင်းမှာပဲ အတိုးတက်ကြီး တိုးတက်လာပါတယ်။

အိပ်မက်တွေအတွက် အမြဲတမ်းပြုံးနေတတ်သူ Dae Sung ဟာ အခက်အခဲတွေကို အပြုံးတွေနဲ့ ဖုံးထားတတ်သူ ဖြစ်တယ်။ YG မှာ အောက်ခြေသိမ်းအလုပ်တွေကအစ လုပ်ရင်း နိမ့်ချစွာနဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာမယ့်တစ်နေ့ကို စိတ်ကူးယဉ်ရင်း …

Please Look Foward for Part -2

– Cj
via BIGBANG Documentary

You cannot copy content of this page