K pop

■ သတင်းစာလိုက်ဖြန့်တဲ့ ကောင်လေးဘဝမှသည် (၁)

အိမ်ပြန်ဘက်စ်ကားခအတွက် ထမင်းတစ်နပ်လျှော့စားခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ ဒီနေ့မှာတော့ တောင်ကိုရီးယားရဲ့ ထိပ်တန်းအမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါပြီ။

Min Yoongi ဆိုတဲ့ ကောင်လေးကို တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ မွေးဖွားခဲ့တာပါ။ သူ့ရဲ့မိသားစုကတော့ အတော်လေး ဆင်းရဲနွမ်းပါးပါတယ်။ သူဟာ ငယ်ငယ်တုန်းက အတန်းပညာကို ကြိုးစားသင်ယူခဲ့တဲ့ လူတော်လေးတစ်ယောက်ပါ။

ဒါပေမဲ့ Stony Skunk ရဲ့ “Reggae Muffin” ဆိုတဲ့ သီချင်းကို ကြားအပြီးမှာတော့ Min Yoongi ဟာ Rap ကို လုံးဝရူးသွပ်သွားခဲ့ပါတယ်။ Min Yoongi ရဲ့ Rap အပေါ် စိတ်ဝင်စားမှုကို မီးစာထပ်မြှင့်ပေးလိုက်တာကတော့ တောင်ကိုရီးယား နာမည်ကျော် Hip-hop အဖွဲ့ Epik High ရဲ့ ‘Fly’ ဆိုတဲ့သီချင်း ဖြစ်ပါတယ်။

အဲဒီသီချင်းကို နားထောင်ချိန်မှာ Min Yoongi ဟာ (၅)တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ဒါပေမဲ့ (၅)တန်း ကျောင်းသားလေးတစ်ယောက်မှာ သူ့အသက်အရွယ်နဲ့မမျှတဲ့ ယုံကြည်မှုနဲ့ အိပ်မက်တွေ ရှိနေပါတယ်။

အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ (၅)တန်းကျောင်းသားလေး Min Yoongi ဆုံးဖြတ်လိုက်ပါတော့တယ်။ တစ်နေ့မှာ သူဟာ အောင်မြင်တဲ့ Rapper တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို Min Yoongi က ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အိပ်မက်ပန်းတိုင်အဖြစ် ရဲရဲရင့်ရင့်သတ်မှတ်ခဲ့တာပါ။

အဲဒီကတည်းက Min Yoongi ရဲ့ နေထိုင်မှုဘဝဟာ ပြောင်းလဲသွားခဲ့ပြီး အရင်က အတန်းပညာတွေကို ဂရုတ စိုက်သင်ခဲ့တဲ့ Min Yoongi ဟာ အခန်းရဲ့နောက်ဆုံးခုံတန်းမှာ ထိုင်ရင်း Rap စာသားတွေကိုပဲ ရေးနေခဲ့ပါတော့တယ်။

ပုံစံပျက်လာတဲ့ Min Yoongi ကို တစ်နေ့မှာတော့ သူ့အိမ်က သိသွားခဲ့ပါတယ်။ ဒါကြောင့် Min Yoongi ရဲ့မိဘတွေဟာ မှတ်စုစာအုပ်ထဲက Rap သီချင်းတွေကို စုတ်ဖြဲလွှင့်ပစ်ခဲ့ပြီး Min Yoongi ကို ရိုက်နှက်ဆုံးမခဲ့ပါတယ်။

ပြီးတော့ Min Yoongi ကို အတန်းပညာပဲ ကြိုးစားသင်ယူဖို့ အတင်းဖိအားပေးတိုက်တွန်းခဲ့ပါတယ်။ အဲဒီကတည်းက အိပ်မက်တွေ ဖျက်စီးခံရသလို ဖြစ်ခဲ့တဲ့ Min Yoongi ဟာ စိတ်ထွက်ပေါက်အနေနဲ့ အားကစားဖက်ကို လိုက်ခဲ့ပါတယ်။ ဒါကြောင့် Min Yoongi ဟာ အရပ်ပုပေမယ့် ဘတ်စကက်ဘောကို ကျွမ်းကျင်စွာကစားနိုင်တဲ့အထိ စွမ်းရည်တွေ တိုးတက်လာခဲ့ပါတယ်။

သူ့ရဲ့အိပ်မက်တွေကို အိမ်က ကန့်ကွက်ခဲ့ပေမယ့် Min Yoongi ရဲ့ ဂီတအပေါ် ချစ်မြတ်နိုးစိတ်ကတော့ လုံး၀ အရောင်ပြယ်မသွားခဲ့ပါဘူး။ အသက် (၁၃)နှစ်မှာတော့ Min Yoongi ဟာ သူ့ရဲ့သီချင်းတွေကို ဖန်တီးနိုင်ဖို့အတွက် သီချင်းထုတ်လုပ်တဲ့ ပညာတွေကို အပတ်တကုတ်လေ့လာခဲ့ပါတော့တယ်။ ဒါပေမဲ့ Min Yoongi ရဲ့ မိသားစုဟာ ဆင်းရဲနွမ်းပါးလွန်းတာကြောင့် သူတို့ညီအစ်ကိုနှစ်ယောက်ဟာ မိသားစုအတွက် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း တစ်ဖက်ကလည်း ဝင်ငွေရှာခဲ့ရပြန်ပါတယ်။

Min Yoongi ဟာ ဂီတအပေါ်ထားတဲ့ သူ့ရဲ့စွဲလမ်းမှုနဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေ နင်းကန်လုပ်ရင်း ငွေရှာခဲ့ပါတယ်။ တစ်ဖက်ကလည်း မတက်တတက်နဲ့လုပ်ထားတဲ့ သူ့ရဲ့သီချင်းတွေကို ရောင်းချဖို့ Min Yoongi တစ်ယောက် ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ သီချင်းတွေ ရောင်းချဖို့ ကြိုးစားတဲ့ Min Yoongi ဟာ အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရပြီး သူ့ရဲ့ ရည်မှန်းချက်တွေဟာ လူတွေရဲ့ ဆူပူအပြစ်ပြောမှုမှာတင် နစ်မျောခဲ့ရပါတယ်။ သူ့ရဲ့ သီချင်းတွေကို ရောင်းဖို့ မြို့ပေါ်တက်လာတဲ့ Min Yoongi ဟာ နောက်ဆုံးမှာ လုံး၀ ဘိုင်ပြတ်သွားခဲ့ပြီး အိမ်ပြန်လမ်းစရိတ်အတွက် ထမင်းတစ်နပ်လျှော့စားရတဲ့အထိ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

အဲဒီလို အခက်အခဲတွေ၊ ဆာလောင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် Min Yoongi ဟာ သူ့ရဲ့အိပ်မက်အတွက် လက်မလျှော့ခဲ့ပါဘူး။ ဒါကြောင့် D-Town ဆိုတဲ့ Underground Rap အဖွဲ့မှာပါဝင်ခဲ့ပါတယ်။ ( D-Town ဆိုတာက Daegu Town ဆိုတဲ့ အတိုကောက်ဖြစ်ပြီး သူတို့ရဲ့မွေးရပ်မြေကို ရည်ညွှန်းတာဖြစ်ပါတယ်)

အဲဒီအဖွဲ့မှာ ပါဝင်နေရင်းနဲ့ တစ်နေ့မှာတော့ Min Yoongi ဟာ BigHit Entertainment ကကျင်းပတဲ့ “Hit It!” ဆိုတဲ့ Audition မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီ Audition မှာ Min Yoongi ဟာ ဒုတိယနေရာရရှိခဲ့ပြီး BigHit Entertainment ရဲ့ သင်တန်းသားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သင်တန်းသားကာလမှာတော့ BigHit Entertainment ရဲ့ CEO ဖြစ်တဲ့ Bang Sihyuk ဟာ Min Yoongi ကို အသစ်ထုတ်မယ့် အမျိုးသားအဆိုတော်ဖွဲ့ထဲမှာ ပါဝင်ခွင့်ပေးမယ်လို့ ကတိပေးခဲ့ပြီး အဲဒီအဖွဲ့ရဲ့အကပိုင်းနဲ့ သီ ချင်းထုတ်လုပ်မှုအပိုင်းတွေကို အကဲ …

 

Please Look Foward for Part -2

— Cj
via Koreaboo

You cannot copy content of this page