K pop

■ LE SSERAFIM အဖွဲ့ရဲ့ Comeback ကို အေဂျင်စီ တုံ့ပြန်

– – – LE SSERAFIM အဖွဲ့ရဲ့ Comeback အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ Source Music တုံ့ပြန်မှုအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

စက်တင်ဘာလအစောပိုင်းမှာ JoyNews 24 က LE SSERAFIM အဖွဲ့အနေနဲ့ အောက်တိုဘာလမှာ Comeback ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပြီး အဖွဲ့ရဲ့ Comeback ရက်စွဲက အောက်တိုဘာလလယ်လောက် ဖြစ်မယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းဖော်ပြပြီး သိပ်မကြာခင်မှာပဲ LE SSERAFIM အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Source Music က ဟုတ်မှန်ကြောင်း အတည်ပြုချက် ထုတ်ပြန်ခဲ့တာပါ။

Source Music ရဲ့ ထုတ်ပြန်ချက်မှာ “LE SSERAFIM အဖွဲ့အနေနဲ့ လက်ရှိမှာ သူတို့ရဲ့ comeback အတွက် ပြင်ဆင်နေပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ နောက်ပိုင်းမှာ အားလုံးသိနိုင်အောင် ကြေညာပေးသွားမှာပါ” လို့ ရေးသားခဲ့တာပါ။

LE SSERAFIM အဖွဲ့ဟာ ၂၀၂၂ မေလမှာ ပထမဆုံး mini album ဖြစ်တဲ့ “FEARLESS” နဲ့ ပွဲထွက်ခဲ့တာပါ။ အခု အောက်တိုဘာမှာ ပြုလုပ်မယ့် comeback ကတော့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kim Garam ထွက်ခွာပြီးနောက် အဖွဲ့ဝင် (၅) ဦးနဲ့ ပြုလုပ်မယ့် ပထမဆုံး comeback လည်း ဖြစ်ပါတယ်။

Source: Soompi

 

-Zawgyi







Source: Soompi

You cannot copy content of this page