K pop

■ BORN PINK အတွက် ခေါင်းစီးသီချင်းအမည်ကို ထုတ်ပြလိုက်တဲ့ BLACKPINK

– – – စက်တင်ဘာ (၁၆) ရက်မှာ ထုတ်ဝေမယ့် BORN PINK Album အတွက် အလန်းစား ပိုစတာနဲ့အတူ ထုတ်ပြန်လိုက်တဲ့ ခေါင်းစီးသီချင်းနာမည်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

ကမ္ဘာကျော် BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ဒုတိယမြောက် Studio Album ဖြစ်တဲ့ BORN PINK အတွက် teaser photos တွေကို ထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ အဖွဲ့လိုက်အလန်းစားပိုစတာနဲ့အတူ ခေါင်းစီးသီချင်းနာမည်ကို ထုတ်ပြခဲ့ပါတယ်။

ပိုစတာမှာ ဖော်ပြထားပုံအရ BLACKPINK အဖွဲ့ရဲ့ BORN PINK Album အတွက် ခေါင်းစီးသီချင်းကတော့ “Shut Down” ဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့ ဖက်ရှင်နဲ့ အလန်းစား charisma ပို ပုံပါအတိုင်း မြင်တွေ့ရမှာပါ။

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ဒုတိယမြောက် Studio Album ‘BORN PINK’ ကို စက်တင်ဘာ (၁၆) ရက်မှာ ထုတ်ဝေမှာ ဖြစ်ပြီး ခေါင်းစီးသီချင်းကိုတော့ ထုံးစံအတိုင်း You Tube မှာ Music Video အဖြစ် ခံစားနိုင်မှာ ဖြစ်ပါတယ်။

Source: AKP

 

-Zawgyi






Source: AKP

You cannot copy content of this page