Drama

■ Lee Jong Suk နဲ့ YoonA ရဲ့ပြင်ပဘဝဆက်ဆံရေးကို Big Mouth ဒါရိုက်တာ ဖွင့်ဟ

– – – ရိုက်ကွင်းမှာ Lee Jong Suk နဲ့ YoonA တို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ Big Mouth ဒါရိုက်တာရဲ့ ဖွင့်ဟချက်တွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

Lee Jong Suk နဲ့ YoonA တို့ရဲ့ ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ Big Mouth ဇာတ်လမ်းတွဲဟာ ကိုရီယား ဇာတ်လမ်းတွဲ ချစ်သူတွေရဲ့ အားပေးမှုကို အပြည့်အ၀ ရရှိထားပြီး viewership rating ကလည်း တစ်ပိုင်းထက် တစ်ပိုင်း တိုးမြှင့်နေတာ ဖြစ်ပါတယ်။

Big Mouth ဇာတ်လမ်းတွဲမှာ Lee Jong Suk နဲ့ YoonA တို့ဟာ လင်မယားတွေအဖြစ် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Oh Chung Hwan က ပြင်ပဘဝက Lee Jong Suk နဲ့ YoonA တို့ရဲ့ တကယ်ဆက်ဆံရေးကို အင်တာဗျူးတစ်ခုမှာ အခုလို ပြောပြခဲ့တာပါ။

သူက မင်းသား Lee Jong Suk နဲ့ SNSD အဖွဲ့ဝင် YoonA တို့ဟာ တကယ့်ဘဝမှာ အလွန်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး ရိုက်ကွင်းမှာ သူတို့ဟာ တစ်ဦးကို တစ်ဦးအားပေးကြသလို၊ သူတို့ကြောင့် တခြားသရုပ်ဆောင်တွေပါ တက်ကြွလေ့ရှိကြောင်း ဆိုခဲ့ပါတယ်။

ဒါရိုက်တာ Oh Chung Hwan က “ပွင့်ပွင့်လင်းလင်းပြောရရင် YoonA သရုပ်ဆောင်တဲ့ မီဟို ဇာတ်ကောင်နဲ့ ပတ်သက်လို့ ကျွန်တော် စိုးရိမ်ခဲ့တာပါ။ ဒါပေမဲ့ YoonA က အဲဒီဇာတ်ကောင်ကို ကျွန်တော်လိုချင်တဲ့အတိုင်း ကွက်တိ ဝင်အောင် သရုပ်ဆောင်နိုင်မယ်လို့ ထင်ခဲ့တယ်။ တကယ်လုပ်နိုင်ခဲ့ပါတယ်။

Lee Jong Suk ကတော့ ပုံမှန်ဆိုရင် တကိုယ်တည်း နေတတ်သူပါ။ တစ်ခါတလေ ရိုက်ကွင်းမှာတော့ သူ့အနေနဲ့ YoonA အပေါ် ပြင်းထန်တဲ့ ခံစားချက်တွေကို ပြတတ်ပါတယ်။ ဒါပေမဲ့ သူက အရမ်းကို ရှက်တတ်သူပါ”လို့ ဆိုပါတယ်။

ဆက်ပြီးတော့ ဒါရိုက်တာ Oh Chung Hwan က YoonA ဟာ အရမ်းကို လက်တွဲပြီး အလုပ်လုပ်လို့ကောင်းတဲ့ သူဖြစ်ပြီး သူ့ အခန်းမရှိချိန်မှာတောင် တခြားသရုပ်ဆောင်တွေကို အားပေးတတ်ကာ ရိုက်ကွင်းကို တက်ကြွအောင် လုပ်တတ်သူဖြစ်တယ်လို့ ဆိုပါတယ်။

Source: KBZ

 

-Zawgyi

■ Lee Jong Suk နဲ႔ YoonA ရဲ႕ျပင္ပဘ၀ဆက္ဆံေရးကုိ Big Mouth ဒါ႐ုိက္တာ ဖြင့္ဟ

– – – ႐ုိက္ကြင္းမွာ Lee Jong Suk နဲ႔ YoonA တုိ႔ရဲ႕ ဆက္ဆံေရးနဲ႔ ပတ္သက္လုိ႔ Big Mouth ဒါ႐ုိက္တာရဲ႕ ဖြင့္ဟခ်က္ေတြအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

Lee Jong Suk နဲ႔ YoonA တုိ႔ရဲ႕ ေခါင္းေဆာင္အျဖစ္ ပါ၀င္ထားတဲ့ Big Mouth ဇာတ္လမ္းတဲြဟာ ကုိရီယား ဇာတ္လမ္းတဲြ ခ်စ္သူေတြရဲ႕ အားေပးမႈကုိ အျပည့္အ၀ ရရွိထားၿပီး viewership rating ကလည္း တစ္ပုိင္းထက္ တစ္ပုိင္း တုိးျမႇင့္ေနတာ ျဖစ္ပါတယ္။

Big Mouth ဇာတ္လမ္းတဲြမွာ Lee Jong Suk နဲ႔ YoonA တုိ႔ဟာ လင္မယားေတြအျဖစ္ သ႐ုပ္ေဆာင္ထားၿပီး ဒါ႐ုိက္တာ Oh Chung Hwan က ျပင္ပဘ၀က Lee Jong Suk နဲ႔ YoonA တုိ႔ရဲ႕ တကယ္ဆက္ဆံေရးကုိ အင္တာဗ်ဴးတစ္ခုမွာ အခုလုိ ေျပာျပခဲ့တာပါ။

သူက မင္းသား Lee Jong Suk နဲ႔ SNSD အဖဲြ႕၀င္ YoonA တုိ႔ဟာ တကယ့္ဘ၀မွာ အလြန္ရင္းႏွီးၾကတဲ့ သူငယ္ခ်င္းေတြ ျဖစ္ၿပီး ႐ုိက္ကြင္းမွာ သူတုိ႔ဟာ တစ္ဦးကုိ တစ္ဦးအားေပးၾကသလုိ၊ သူတုိ႔ေၾကာင့္ တျခားသ႐ုပ္ေဆာင္ေတြပါ တက္ၾကြေလ့ရွိေၾကာင္း ဆုိခဲ့ပါတယ္။

ဒါ႐ုိက္တာ Oh Chung Hwan က “ပြင့္ပြင့္လင္းလင္းေျပာရရင္ YoonA သ႐ုပ္ေဆာင္တဲ့ မီဟုိ ဇာတ္ေကာင္နဲ႔ ပတ္သက္လုိ႔ ကၽြန္ေတာ္ စုိးရိမ္ခဲ့တာပါ။ ဒါေပမဲ့ YoonA က အဲဒီဇာတ္ေကာင္ကုိ ကၽြန္ေတာ္လုိခ်င္တဲ့အတုိင္း ကြက္တိ ၀င္ေအာင္ သ႐ုပ္ေဆာင္ႏုိင္မယ္လုိ႔ ထင္ခဲ့တယ္။ တကယ္လုပ္ႏုိင္ခဲ့ပါတယ္။

Lee Jong Suk ကေတာ့ ပုံမွန္ဆုိရင္ တကုိယ္တည္း ေနတတ္သူပါ။ တစ္ခါတေလ ႐ုိက္ကြင္းမွာေတာ့ သူ႕အေနနဲ႔ YoonA အေပၚ ျပင္းထန္တ့ဲ ခံစားခ်က္ေတြကုိ ျပတတ္ပါတယ္။ ဒါေပမဲ့ သူက အရမ္းကုိ ရွက္တတ္သူပါ”လုိ႔ ဆုိပါတယ္။

ဆက္ၿပီးေတာ့ ဒါ႐ုိက္တာ Oh Chung Hwan က YoonA ဟာ အရမ္းကုိ လက္တဲြၿပီး အလုပ္လုပ္လုိ႔ေကာင္းတဲ့ သူျဖစ္ၿပီး သူ႕ အခန္းမရွိခ်ိန္မွာေတာင္ တျခားသ႐ုပ္ေဆာင္ေတြကုိ အားေပးတတ္ကာ ႐ုိက္ကြင္းကုိ တက္ၾကြေအာင္ လုပ္တတ္သူျဖစ္တယ္လုိ႔ ဆုိပါတယ္။

Source: KBZ

You cannot copy content of this page