— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အဖွဲ့တွေကတော့ …
Korea Institute of Corporate Reputation က စက်တင်ဘာအတွက် အဆိုတော်တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ သြဂုတ်လ (၁၁)ရက်ကနေ စက်တင်ဘာလ (၁၂)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။
ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BLACKPINK၊ IVE နဲ့ Girls’ Generation တို့ ရပ်တည်ခဲ့ပါတယ်။ BLACKPINKအဖွဲ့ဟာ brand value index 6,257,886 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။
ဒုတိယနေရာမှာတော့ IVE က 6,147,776 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ Girls’ Generation အဖွဲ့က 5,719,516 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
■ စက်တင်ဘာလအတွင်း အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့ (၁၀) ဖွဲ့
1- BLACKPINK
2- IVE
3- Girls’ Generation
4- TWICE
5- Oh My Girl
6- NewJeans
7- aespa
8- Red Velvet
9- Apink
10- (G)I-DLE
Source: Soompi