K pop

■ Spotify သမိုင်းမှာ အမျိုးသမီးအဖွဲ့တွေထဲမှာ အမြင့်ဆုံးစံချိန်တင်ခဲ့တဲ့ BLACKPINK

– – – BLACKPINK အဖွဲ့ရဲ့ Spotify သမိုင်းတစ်လျှောက် အထင်ကြီးစရာ စံချိန်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

YG က ပွဲထုတ်တဲ့ အမျိုးသမီးအဖွဲ့ BLACKPINK ဟာ Spotify သမိုင်းမှာ တစ်လအတွင်း နားဆင်မှုအများဆုံး အမျိုးသမီးအဖွဲ့အဖြစ် (29.56) သန်းနဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။

BLACKPINK အဖွဲ့အနေနဲ့ ဒီလ (၁၆) ရက်မာ “Shut Down” လို့ အမည်ပေးထားတဲ့ သီချင်းသစ်နဲ့ Album ထုတ်ဦးမှာ ဖြစ်လို့ ဒီထက်များလာမှာ သေချာနေပါတယ်။

ဒါကြောင့် BLACKPINK အဖွဲ့အနေနဲ့ ဂန္ထဝင်အမျိုးသမီးအဖွဲ့တွေဖြစ်တဲ့ Little Mix, Fifth Harmony နဲ့ Destiny’s Child တို့ကို ကျော်ပြီး Spotify သမိုင်းမှာ တစ်လအတွင်း နားဆင်မှုအများဆုံး အမျိုးသမီးအဖွဲ့အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

■ Spotify သမိုင်းမှာ တစ်လအတွင်း ပရိသတ်နားဆင်မှု အများဆုံး အမျိုးသမီးအဖွဲ့ (၅) ဖွဲ့

#1 BLACKPINK – 29.561M
#2 Little Mix – 29.540M
#3 Fifth Harmony – 22.9M
#4 Destiny’s Child – 14.8M
#5 TWICE – 11.2M

Source: Soompi

You cannot copy content of this page