– – – နယူးယောက်မှာ ကျင်းပမယ့် ULKIN’s Spring & Summer collection “Magnet fishing” မှာ မော်ဒယ်အဖြစ် ပွဲထွက်မယ့် iKON အဖွဲ့ဝင်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
ULKIN’s Spring & Summer collection “Magnet fishing” ကို အမေရိကန်နိုင်ငံမှာ နယူးယောက်မှာ စက်တင်ဘာ (၁၃) ရက်နေ့ ကျင်းပမှာပါ။ အဲဒီပွဲကို ဒီဇိုင်းနာ Lee Sung-dong က ကျင်းပမှာ ဖြစ်ပြီး iKON အဖွဲ့ဝင် Kim Donghyuk (DK) က မော်ဒယ်အဖြစ် စတင်ပွဲထွက်မှာ ဖြစ်ပါတယ်။
နာမည်ကျော် iKON အဖွဲ့ဝင် Kim Donghyuk (DK) ဟာ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပြီး သီချင်းတွေ ကိုယ်တိုင်ရေးသလို၊ ထုတ်လုပ်သူအဖြစ်ပါ ဆောင်ရွက်ဖူးသူ ဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းမှာ အဖွဲ့ရဲ့ ဒါရိုက်တာအဖြစ်သာမက အခု ဖက်ရှင်လောကကိုပါ ထိုးဖောက်လာတာပါ။
DK ဟာ ဖက်ရှင်ဒီဇိုင်းနာအဖြစ် ULKIN စတင်လက်တွဲ လုပ်ဆောင်ခဲ့ပြီး street-style designs ကို ထုတ်လုပ်ခဲ့ကာ အခုကိုယ်တိုင် runway မော်ဒယ်အဖြစ် စက်တင်ဘာ (၁၃) ရက်နေ့ ပြုလုပ်မယ့် ULKIN’s Spring & Summer collection “Magnet fishing” မှာ ပွဲထွက်လာတော့မှာ ဖြစ်ပါတယ်။
Source: Soompi