K pop

■ Lisa ရဲ့ LALISA ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားလိုက်လဲ

– – – Lisa ရဲ့ LALISA Debut တစ်နှစ်ကျော်တဲ့အချိန်မှာ သူမ ရယူခဲ့တဲ့ အောင်မြင်တွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BLACKPINK အဖွဲ့ဝင် Lisa ဟာ သူမရဲ့ solo ဘဝကို “Lalisa” single album နဲ့ စတင်ခဲ့ပြီး အဲဒီ album မှာ သီချင်း (၂) ပုဒ်ပဲ ပါဝင်ပါတယ်။ အဲဒီသီချင်းတွေကတော့ အားလုံးသိတဲ့အတိုင်း “Lalisa” နဲ့ b-side သီချင်း “Money” တို့ ဖြစ်ပါတယ်။

Lisa က solo artist အဖြစ် “Lalisa” single album နဲ့ ၂၀၂၁ စက်တင်ဘာ (၁၀) ရက်မှာ ပွဲထွက်ခဲ့တာ ဖြစ်ပြီး အခုဆို တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ “Lalisa” ထုတ်လွှင့်မှု တစ်နှစ်ကျော်အတွင်း သူမရဲ့ solo ဘ၀ အောင်မြင်မှုတွေကို ဆွေးနွေးခဲ့ကြတာကပါ။

■ Lisa ရဲ့ solo ဘ၀ အရေးပါတဲ့ အခိုက်အတန့်တွေကို ကြည့်မယ်ဆိုရင် အခုလို မြင်တွေ့ရမှာပါ။

1) Lisa ဟာ MTV VMA မှာ ဆန်ခါတင်စာရင်းဝင်တဲ့ ပထမဆုံး K-Pop solo artist ဖြစ်သလို၊ ထိုင်းက ပထမဆုံး အနုပညာရှင်ဖြစ်တယ်။ ပြီးတော့ သူမဟာ MTV VMA မှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံးနဲ့ Best K-Pop ဆုရတဲ့ ပထမဆုံး K-Pop solo artist ဖြစ်တယ်။

 

2) ပရိသတ်အမျှော်လင့်ဆုံးနဲ့ အအောင်မြင်ဆုံး solo releases ဖြစ်တယ်။
-Spotify သမိုင်းမှာ သန်း 700 streams တဲ့ K-pop artist
-Gaon Chart မှာ အချပ်ရေ (၈) သိန်းကျော် ရောင်းရတဲ့ ပထမဆုံး solo act
-female k-pop acts တွေမှာ ပထမပတ် ရောင်းအားအမြင့်ဆုံး
-၂၀၂၁ အတွင်း အမေရိကမှာ အရောင်းရဆုံး female K-pop act
-တောင်ကိုရီယားမှာ Double platinum certification ရရှိ

 

3) The LALISA album အောင်မြင်မှု
-နယ်ပယ် (၁၀၀) ကျော်ရဲ့ iTunes မှာ နံပါတ် (၁) ရတဲ့ K-pop သီချင်း
-ပထမဆုံး ၂၄ နာရီအတွင်း You Tube View အများဆုံး solo (73.6 သန်း)
-Guinness World Record စာရင်းဝင်တဲ့ ထိုင်း idol -၂၀၂၁ အတွင်း အမေရိကမှာ ဒုတိယရောင်းအားအကောင်းဆုံး K-pop သီချင်း (368,000 units)

4) “Money” ရဲ့ အောင်မြင်မှု
-Global Spotify မှာ ရက်ပေါင်း ၂၀၀ ကျော် စာရင်းဝင်တဲ့ ပထမဆုံး အမျိုးသမီး Solo သီချင်းနဲ့ female act
-UK Apple Music မှာ အမြင့်ဆုံးရပ်တည်နိုင်တဲ့ K-pop female soloist
-Global 2022 နဲ့ Global 2022 Excl. Billboard မှာ အချိန်အကြာဆုံး ရပ်တည်နိုင်တဲ့ K-pop solo act သီချင်း
-UK BBC Radio 1 playlist မှာ (၅) ပတ် ဆက်တိုက် ရပ်တည်

Source: Soompi

You cannot copy content of this page