– – – နောက်ဆုံးမှာတော့ Lee Min Ho တစ်ယောက် သူ့ရဲ့ Celebrity Crush နဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
F4 ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ကြားလာပြီး လက်ရှိ ကိုရီယားရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho က ကမ္ဘာကျော် ဝါရင့်မင်းသမီး Song Hye Kyo ကို Celebrity Crush အဖြစ် သတ်မှတ်ထားပြီး တွဲဖက်သရုပ်ဆောင်ချင်ဆုံး မင်းသမီးအဖြစ်လည်း သတ်မှတ်ထားတာပါ။
သူတို့နှစ်ဦးဟာ ကိုရီယားအနုပညာလောကမှာ ကျင်လည်လာတာကြာပြီဖြစ်ပေမဲ့ အတူတွဲဖက် သရုပ်ဆောင်ဖူးခြင်းမရှိသေးသလို၊ အတူ ဆုံတွေ့တာမျိုးတောင် တစ်ခါမှ မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ဟာ အမေရိကန်မှာ ကျင်းပတဲ့ Fendi Fashion Show မှာ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
နယူးယောက်မှာ ကျင်းပခဲ့တဲ့ Fendi Fashion Show ကို Lee Min Ho နဲ့ Song Hye Kyo တို့ တက်ရောက်ခဲ့တာ ဖြစ်ပြီး နှစ်ဦးစလုံးဟာ အဲဒီပွဲရဲ့ အဓိကဇာတ်ကောင်တွေအဖြစ် တောက်ပခဲ့သလို၊ နောက်ဆုံးမှာ သူတို့နှစ်ဦးအကြား interaction ကိုပါ မြင်တွေ့ခဲ့ရတာပါ။
Fendi Fashion Show ရဲ့ ရှေ့ဆုံးတန်းမှာ အတူတူထိုင်ခဲ့ကြတဲ့ Lee Min Ho နဲ့ Song Hye Kyo တို့ဟာ သတင်းထောက်တွေအတွက် ဓာတ်ပုံရိုက်ဖို့ အကြိုက်ဖြစ်ခဲ့သလို၊ သူတို့အချင်းချင်း ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံမှုတွေကလည်း သူတို့ကို အားပေးတဲ့ ပရိသတ်တွေကို ဝမ်းသာစေခဲ့ပါတယ်။
Lee Min Ho နဲ့ Song Hye Kyo တို့ရဲ့ ပရိသတ်တွေကတော့ အခုမှ ဆုံတွေ့ခွင့်ရကြပေမဲ့ ရင်းရင်းနှီးနှီး ရှိလှတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို သဘောကျနေကြပြီး ဇာတ်လမ်းတွဲဖြစ်ဖြစ် ရုပ်ရှင်ဖြစ်ဖြစ် အတူတူ ရိုက်ကြဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
Source: Koreaboo