– – – Idol နဲ့ မင်းသမီးတို့အကြား သူငယ်ချင်း ဆက်ဆံရေးဟာ ချစ်စရာကောင်းသလို၊ သူတို့ရဲ့ လေဆိပ်ချင်းပုံ ကွာခြားပေမဲ့ ချစ်စရာကောင်းတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
BLACKPINK အဖွဲ့ဝင် Rosé နဲ့ မင်းသမီး Kim Go Eun တို့ဟာ JTBC variety show အစီအစဉ်တစ်ခုဖြစ်တဲ့ Sea of Hope မှာ စတင်ဆုံတွေ့ခဲ့တာဖြစ်ပြီး အဲဒီကတည်းက ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တာပါ။
ဒါကြောင့် Sea of Hope အပြီးမှာလည်း သူတို့နှစ်ဦးဟာ အခွင့်အရေးရရင် ရသလို ဆုံတွေ့လေ့ရှိကြပြီး ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို မြင်တွေ့နိုင်ဖို့ လူမှုကွန်ရက်တွေမှာ နှစ်ယောက်သား အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုတောင် ဝေမျှလေ့ရှိပါတယ်။
သိပ်မကြာခင်ကတော့ သူတို့နှစ်ဦးစလုံးဟာ အမေရိကခရီးစဉ်အတွက် လေဆိပ်ကို အသီးသီးဆင်းခဲ့ကြပြီး အဲဒီက Idol နဲ့ မင်းသမီးတို့အကြား သူငယ်ချင်း လေဆိပ်ဆင်းပုံကွာခြားတာကို ကြည့်ပြီး ပရိသတ်တွေက သဘောကျနေတာ ဖြစ်ပါတယ်။
လေဆိပ်အရောက် ကားပေါ်ဆင်းတာ၊ မီဒီယာနဲ့ ပရိသတ်တွေကို မမေ့မလျှော့ နှုတ်ဆက်တာအထိ အတူတူ ဖြစ်ပေမဲ့ ကွာခြားသွားတာကတော့ လေယာဉ်ကို သွားတဲ့အပိုင်း ဖြစ်ပါတယ်။ Rosé ကတော့ အချိန်စော ထွက်လာပုံရပြီး လေယာဉ်ချိန်မိဖို့ စတိုင်လ်အပြည့်၊ ရှိုးအပြည့် လျှောက်နိုင်ခဲ့တာပါ။
ဒါပေမဲ့ တစ်ဘက်က မင်းသမီး Kim Go Eun ကတော့ လေဆိပ်အဝင်မှာ အေးဆေးဖြစ်ခဲ့ပေမဲ့ လေဆိပ်ထဲ ဝင်ပြီးချိန်မှာတော့ လေယာဉ်မလွတ်သွားအောင် အပြေးတစ်ပိုင်း ပြေးလွှားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ပြီး ပရိသတ်တွေကတော့ ဘာဖြစ်ဖြစ် နှစ်ယောက်စလုံး ချစ်စရာကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Source: @jennievvvv, Newsen and Newsen