K pop

■ Hanteo သမိုင်းမှာ ပထမဆုံးအမျိုးသမီးအဖွဲ့ စံချိန်ကို BLACKPINK ပိုင်ဆိုင်ခဲ့ပြန်

– – – အမျိုးသမီးအဖွဲ့တွေထဲမှာဆိုရင်တော့ ပထမဆုံးဖြစ်ပြီး K-Pop မှာ ဆိုရင် တတိယမြောက်အဖြစ် စံချိန်တင်ခဲ့တဲ့ BLACKPINK အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

စက်တင်ဘာ ၁၆ ရက်က ထုတ်ဝေခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ ဒုတိယမြောက် studio album “BORN PINK” ဟာ ကမ္ဘာ့အနှံမှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ခေါင်းစီးသီချင်းဖြစ်တဲ့ “Shut Down“ ကလည်း Music Chart တွေကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။

Hanteo Chart ရဲ့ ထုတ်ပြန်ချက်ဟာ “BORN PINK” ဟာ သူတို့ဆီမှာ စတင်ရောင်းချတဲ့ ပထမဆုံးတစ်ရက်တည်း (၂၄ နာရီ) မှာပဲ အချပ်ရေ 1,011,266 ရောင်းချခဲ့ရတယ်လို့ သိရပြီး သမိုင်းမှာ Hanteo သမိုင်းမှာ ပထမဆုံးရက်အတွင်း အချပ်ရေ (၁) သန်းကျော် ရောင်းရတဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့၊ အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Hanteo Chart သမိုင်းမှာဆိုရင်တော့ BLACKPINK က တတိယမြောက်ဖြစ်ပြီး အရင်က ဒီစံချိန်ကို ရဖူးသူတွေကတော့ BTS နဲ့ SEVENTEEN အဖွဲ့ ဖြစ်ပါတယ်။

“BORN PINK” ဟာ BLACKPINK ရဲ့ ၂၀၂၀ ထုတ် “THE ALBUM” ထက် အချပ်ရေ (၂) ဆနီးပါး ရောင်းချခဲ့ရတာလည်း ဖြစ်ပါတယ်။ “THE ALBUM” ဟာ ပထမဆုံးရက်အတွင်း Hanteo Chart မှာ အချပ်ရေ 589,310 ရောင်းချခဲ့ရတာပါ။

Source: Koreaboo

You cannot copy content of this page