– – – ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ IU ရဲ့ concert ကို တက်ရောက်ခဲ့တဲ့ BTS အဖွဲ့ဝင် အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
စက်တင်ဘာ ၁၇ ရက်က ကိုရီယားနာမည်ကျော် အဆိုတော်၊ မင်းသမီး IU ဟာ ဆိုးလ်က Olympic Stadium မှာ ‘The Golden Hour’ လို့ အမည်ပေးထားတဲ့ Solo concert ပထမဆုံးနေ့ကို သူမရဲ့ ပရိသတ်တွေအတွက် ကျင်းပခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် Solo concert ပွဲတွေ ရပ်နားထားခဲ့တဲ့ IU ဟာ ၃ နှစ်အတွင်း ပထမဆုံး in-person concert ကို ကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်များပေါင်းများစွာ လာရောက်အားပေးခဲ့ကြကြောင်း သိရပါတယ်။
အဲဒီ IU ရဲ့ concert ပွဲကို BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jungkook လည်း တက်ရောက်ခဲ့ပြီး အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ပရိသတ်တွေက IU ရဲ့ concert က သူ့ရဲ့ ဓာတ်ပုံကိုတွေကို လူမှုကွန်ရက်တွေမှာ ဝေမျှခဲ့ကြပါတယ်။ တကယ်တော့ Jungkook ဟာ IU fanboy လည်း ဖြစ်ပါတယ်။
IU ရဲ့ concert ပွဲကို Jungkook တက်ရောက်ခဲ့တာနဲ့ ပတ်သက်လို့ ကိုရီယားပရိသတ်တွေက “သူ့အနေနဲ့ ပျော်စရာအချိန်တွေ ဖြစ်ဖို့ မျှော်လင့်ပါတယ်”, “IU ရဲ့ concert ကို သူ လာမယ်ဆိုတာ သိသားပဲ lol”, “သူ့ကို IU နဲ့ collab လုပ်စေချင်တယ်”စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
Source: Koreaboo