– – – BLACKPINK အဖွဲ့ရဲ့ “Shut Down” အတွက် အလန်းစား choreography ကို ကြည့်ဖို့ ပုံကိုနှိပ်ပါ။
BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ “Shut Down” သီချင်းအတွက် performance video ကို ချပြခဲ့ပြီး အဲဒီသီချင်းဟာ သူတို့ရဲ့ ဒုတိယမြောက် စတူဒီယို album “BORN PINK” မှာ ပါဝင်တဲ့ သီချင်း ဖြစ်ပါတယ်။
အခု ထုတ်လွှင့်လိုက်တဲ့ ဗီဒီယိုကလစ်မှာ “Shut Down” သီချင်းအတွက် BLACKPINK အဖွဲ့ဝင် လေးဦးစလုံးရဲ့ အလန်းစားကကွက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
“Shut Down” သီချင်းကို စက်တင်ဘာ ၁၆ ရက်က စတူဒီယို album “BORN PINK” နဲ့ အတူ ထုတ်ဝေခဲ့တာဖြစ်ပြီး “BORN PINK” ဟာ ပထမဆုံးရက်မှာတင် အချပ်ရေ ၁ သန်းကျော် ရောင်းချခဲ့ကြောင်း သိရပါတယ်။
BLACKPINK ရဲ့ “Shut Down” သီချင်းအတွက် အလန်းစား dance performance video ကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
Source: Soompi