– – – ပထမဆုံးအကြိမ်အဖြစ် Comeback ပြုလုပ်မယ့် LE SSERAFIM အဖွဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
LE SSERAFIM အဖွဲ့က သူတို့အဖွဲ့ရဲ့ ပထမဆုံး Comeback အတွက် ထုတ်လုပ်မယ့် ရက်စွဲနဲ့ အသေးစိတ် အချက်အလက်တွေကို ကြေညာခဲ့ပါတယ်။ ဒါဟာ LE SSERAFIM အဖွဲ့အတွက် ပြီးခဲ့တဲ့ မေလက “FEARLESS” ထုတ်ဝေပြီးနောက် ပထမဆုံး Comeback ဖြစ်လာမှာပါ။
LE SSERAFIM
ပြီးတော့ LE SSERAFIM အဖွဲ့အနေနဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Kim Garam အဖွဲ့ ထွက်ခွာပြီးနောက် အဖွဲ့ဝင် ၅ ဦးနဲ့ ပထမဆုံးအကြိမ် သီချင်းသစ်ထုတ်မှာလည်း ဖြစ်ပါတယ်။ LE SSERAFIM အဖွဲ့ရဲ့ ဒုတိယမြောက် mini album အမည်ကတော့ “ANTIFRAGILE” ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် ထုတ်ဝေမှာပါ။
Source Music ရဲ့ ထုတ်ပြန်ချက်အရ “ANTIFRAGILE” album မှာ LE SSERAFIM အဖွဲ့ရဲ့ အတွင်းပိုင်း အကြောင်းတွေပါဝင်မှာ ဖြစ်သလို၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရခဲ့ပြီးနောက် သူတို့ရဲ့ သန်မာတဲ့ စိတ်နေစိတ်ထားတွေကို မြင်ရမယ်လို့ သိရပါတယ်။
LE SSERAFIM အဖွဲ့ဟာ အသစ်ထုတ်ဝေမယ့် mini album အတွက် “DO YOU THINK IM FRAGILE?” ဆိုတဲ့ teaser video ကို ထုတ်ဝေခဲ့တာဖြစ်ပြီး အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
Source: Soompi