– – – ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က IU ရင်ဆိုင်နေရတဲ့ အကြားပြဿနာအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
နာမည်ကျော် အဆိုတော် IU ဟာ သူမရဲ့ ဆိုးလ်၊ Olympic main stadium in Jamsil Sports Complex မှာ ပြုလုပ်ခဲ့တဲ့ The Golden Hour Solo Concert မှာ သူမအနေနဲ့ အကြားပြဿနာနဲ့ ရင်ဆိုင်နေရတာ တစ်နှစ်ကျော်ပြီလို့ ပြောကြားခဲ့ပါတယ်။
ပရိသတ်တွေနဲ့ စကားပြောချိန်မှာ IU က “ရိုးသားစွာ ပြောရမယ်ဆိုရင်တော့ ဒီနေ့ ဖျော်ဖြေရတာ အခက်အခဲ နည်းနည်း ရှိပါတယ်။ တကယ်တော့ ကျွန်မအနေနဲ့ နားမှာ ပြဿနာအနည်းငယ် ရှိနေပါတယ်။ ဒီတော့ ကျွန်မအနေနဲ့ အခုလို ဖျော်ဖြေဖို့ ပြင်ဆင်တာနဲ့ ပတ်သက်ပြီး ကြောက်နေခဲ့တာပါ။
သိပ်ပြီးတော့ ပြင်းထန်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအခြေအနေမှာတော့ ကျွန်မအနေနဲ့ ကျွန်မရဲ့ နားကို ကောင်းစွာထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ အကြားအာရုံပိုင်းနဲ့ ပတ်သက်လို့ ပြဿနာ ဖြစ်နေတာ တစ်နှစ်ကျော်လောက်တော့ ရှိနေပါပြီ။
ကံကောင်းတာ ကျွန်မရဲ့ လည်ပင်းက အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ ပထမနေ့ ဖျော်ဖြေပြီးနောက်မှာတော့ ကျွန်မရဲ့ နားက ပိုဆိုးလာတယ်။ ဒီတော့ rehearse လုပ်ရတာ ကျွန်မအတွက်တော့ ငရဲကျသလိုပဲ။
ကျွန်မအနေနဲ့ စတိတ်ပေါ် တက်သာလာပြီး ပထမဆုံးသီချင်းကို ဖျော်ဖြေလိုက်ရတယ်။ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီနေ့ ဖျော်ဖြေမှုမှာ ရှင်တို့က ကျွန်မကို အရာအားလုံးအတွက် ကူညီပေးကြတယ်”လို့ ပြောကြားခဲ့ပါတယ်။
IU ဟာ The Golden Hour Solo Concert ကို စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ဆိုးလ်က Jamsil Sports Complex ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Source: Soompi