– – – ပထမနေရာက သီချင်းနဲ့ ဒုတိယနေရာက သီချင်းကတော့ ထက်ဝက်နီးပါးကို ကွာနေတာဖြစ်ပြီး ဘယ်အဖွဲ့တွေ့ရဲ့ သီချင်းတွေ ပါတယ်ဆိုတာ ပုံကိုနှိပ်ပြီး ဖတ်ပါ။
၂၀၂၂ အတွင်း Melon မှာ ပရိသတ်နားဆင်မှုအများဆုံး ၂၀၂၂ ထုတ် အမျိုးသား K-Pop သီချင်း (၁၁) ပုဒ်စာရင်း ထွက်ပေါ်လာပြီဖြစ်ပြီး ထိပ်ဆုံးမှာတော့ King of K-Pop လို့ တင်စားကြတဲ့ BIGBANG အဖွဲ့ရဲ့ “Still Life” သီချင်းက ဦးဆောင်နေပါတယ်။
၂၀၂၂ ဧပြီလတုန်းက ထုတ်ဝေခဲ့တဲ့ BIGBANG အဖွဲ့ရဲ့ “Still Life” သီချင်းဟာ Melon မှာ streams ပြုလုပ်မှု 110,800,000 ကျော်အထိ ရှိနေပြီး သန်း (၁၀၀) ကျော်တဲ့ တစ်ပုဒ်တည်းသော သီချင်းအဖြစ် ရပ်တည်နေတာပါ။
BIGBANG နောက်မှာတော့ Seventeen, NCT Dream, BTS, Highlight စတဲ့ အဖွဲ့တွေရဲ့ အစဉ်လိုက်အတိုင်း ရပ်တည်နေပြီး netizens တွေကတော့ BIGBANG ရဲ့ music charts အပေါ် လွှမ်းမိုးမှုဟာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Source: Soompi