K pop

■ 31 Rue Cambon CHANEL magazine မှာ ဖော်ပြခံရတဲ့ G-Dragon

– – – King of K-Pop အနေနဲ့ ကမ္ဘာကျော်အဆိုတော်တွေနဲ့ ဘယ်လိုဂုဏ်ပြုခံခဲ့ရတယ်ဆိုတဲ့ အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

CHANEL ရဲ့ fashion magazine ဖြစ်တဲ့ ’31 Rue Cambon’ က သူတို့ အကြိုက်ဆုံး အဆိုတော်တွေကို စီးရီးအလိုက် ဖော်ပြခဲ့ပြီး အဲဒီထဲမှာ Vanessa Paradis, Ibeyi, Pharrell Williams တို့လို ကမ္ဘာကျော်အဆိုတော် ပါဝင်ခဲ့ပါတယ်။

သူတို့နဲ့အတူ ဖော်ပြခံခဲ့ရတဲ့ တစ်ဦးတည်းသော K-Pop ကတော့ G-Dragon ပဲ ဖြစ်ပြီး အဲဒီမဂ္ဂဇင်းက G-Dragon ရဲ့ သူမတူတဲ့ စတိုင်လ်နဲ့ အလန်းစားဓာတ်ပုံတွေကိုလည်း စီးရီးလိုက် ဖော်ပြခဲ့တာကို တွေ့ရှိပါတယ်။

ပရိသတ်တွေကို G-Dragon ကို အဲဒီလို luxury fashion magazine မှာ မြင်တွေ့ရတာကို သဘောကျနေကြပြီး “ကျွန်မတို့ရဲ့ ချစ်လှစွာသော King GD,” “One of a kind G-DRAGON,” “Gdragon x Chanel: best combo” “GD and Chanel, Iconic,”၊ “GD, the best Chanel boy”စတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြပါတယ်။

Source: Soompi

You cannot copy content of this page