K pop

■ EXO-L တွေ စိုးရိမ်နေတဲ့အရာနဲ့ ပတ်သက်ပြီး Baekhyun ကိုယ်တိုင် ရှင်းလင်း

– – – Baekhyun က သူ့အတွက် စိုးရိမ်နေတဲ့ EXO-L တွေ ဘယ်လိုရှင်းလင်းထားတယ်ဆိုတဲ့ အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

စက်တင်ဘာ ၂၁ ရက်မှာ Baekhyun ရဲ့ Instagram Account က ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရုတ်တရက် ပျောက်သွားပြီးနောက် Baekhyun ရဲ့ Instagram Account Hack ခံရသလားဆိုပြီး ပရိသတ်တွေ အထူးသဖြင့် EXO-L တွေ စိုးရိမ်ခဲ့ကြတာပါ။

ဘာကြောင့်လဲဆိုတော့ အခုတလော ကိုရီယားမှာ Cele တွေရဲ့ အကောင့်တွေဟာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး Baekhyun ရဲ့ Instagram Account ဟာလည်း Hack ခံရတာ ဖြစ်နိုင်တယ်လို့ ပရိသတ်တွေ ထင်မှတ်ခဲ့ကြတာပါ။

ပရိသတ်တွေရဲ့ စိတ်ပူမှု မြင့်တက်လာပြီးနောက်မှာတော့ Baekhyun က သူ့ရဲ့ Instagram Account အကောင့်ဟာ Hack ခံရတာ မဟုတ်ဘဲ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို မိမိကိုယ်တိုင် ဖျက်ပစ်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။

Baekhyun က “ကျွန်တော့်အနေနဲ့ Instagram Account မှာ Feed ကို အလှပြန်ဆင်တာကြောင့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကိုယ်တိုင် ဖျက်လိုက်တာပါ။ အံ့သြသွားတယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။ နောက်နှစ်မှာ အသစ်ဖြစ်အောင် ကျွန်တော် အလှဆင်သွားမှာပါ”လို့ ရေးသားခဲ့ပါတယ်။

ဆက်ပြီးတော့လည်း Baekhyun က သူ့ရဲ့ Instagram Account Hack ခံရတာ မဟုတ်ကြောင်း အမာခံခဲ့ပြီး သူ့အနေနဲ့ ဖျော်ဖြေပွဲတွေ ပြုလုပ်လိုကြောင်းနဲ့ ကစားကွင်းမှာ ကစားလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Source: Soompi

You cannot copy content of this page