– – – တရုတ်မှာ တစ်ကိုယ်တော် လှုပ်ရှားမှုကို Lay နဲ့ EXO ရဲ့အငယ်ဆုံးလေး Sehun တို့ရဲ့ ပူးပေါင်းမှုအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
SM နဲ့ လမ်းခွဲပြီးနောက် တရုတ်နိုင်ငံမှာ တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ Lay ဟာ digital single သီချင်း “VEIL” ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီသီချင်းက မယ်လိုဒီနဲ့ choreography ကောင်းလွန်းတာကြောင့် ကမ္ဘာ့အနှံ့က ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
Lay ရဲ့ “VEIL” သီချင်း ထုတ်လွှင့်ပြီးနောက် EXO ရဲ့အငယ်ဆုံးလေး Sehun က Lay ရဲ့ “VEIL” သီချင်းကို သူ့ရဲ့ Instagram Story မှာ ဝေမျှခဲ့ပြီး Lay Zhang Veil ဆိုတဲ့ စာသားကိုလည်း ရေးသားခဲ့ကာ အစ်ကိုဖြစ်သူကို အားပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Lay က Sehun ရဲ့ Instagram Story ကို ပြန်လည် ဝေမျှခဲ့ပြီး ‘Street Man Fighter’ Stage မှာ ဖျော်ဖြေခဲ့တဲ့ Sehun ရဲ့ ဖျော်ဖြေမှုကို တခုတ်တရ ချီးကျူးခဲ့ကာ အတူတူနွဲှချင်တယ်လို့ ရေးသားခဲ့ပါတယ်။
Lay က “ကျေးဇူတင်ပါတယ်။ Sehun ရေ … မင်းရဲ့ ဖျော်ဖြေမှုကို အစ်ကို အရမ်းသဘောကျပါတယ်။ အရမ်းမိုက်တာပဲ။ နောက်ပိုင်းကျရင် စတိတ်ပေါ်မှာ အစ်ကိုတို့ အတူတူ ဖျော်ဖြေကြတာပေါ့”ဆိုတဲ့ စာသားကို ရေးသားခဲ့တာပါ။
အဲဒီလို Sehun နဲ့ Lay တို့ရဲ့ တစ်ဦးအပေါ် တစ်ဦး အားပေးမှု၊ ပူးပေါင်းမှုကို မြင်တွေ့ရပြီးနောက်မှာ EXO-L တွေက သဘောကျခဲ့ကြပြီး အနာဂတ်မှာ EXO အဖွဲ့ဝင် (၈) ဦးရဲ့ အတူတူ ဖျော်ဖြေမှုတွေကို မြင်တွေ့ရဖို့ မျှော်လင့်တယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
Source: Soompi