K pop

■ Nana ရဲ့ တက်တူးတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အေဂျင်စီ တုံ့ပြန်

– – – ခန္ဓာကိုယ်အနှံ့လို့ ပြောရလောက်အောင် များပြားလှတဲ့ Nana ရဲ့ တက်တူးတွေအတွက် အသံတွေ ဆူညံလာချိန်မှာ သူ့ရဲ့အေဂျင်စီရဲ့ ဘယ်လိုတုံ့ပြန်ခဲ့တယ်ဆိုတာ ပုံကိုနှိပ်ပြီး ဖတ်ပါ။

အဆိုတော်၊ မင်းသမီး Nana ရဲ့ အေဂျင်စီက မင်းသမီးရဲ့ ခန္ဓာကိုယ်အနှံ့ တက်တူးတွေကြောင့် ပရိသတ်တွေရဲ့ အသံတွေ ဆူညံလာပြီးနောက်မှာတော့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အနှံ့မှာ တက်တူတွေနဲ့ Nana ဓာတ်ပုံတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီးနောက်မှာတော့ ပရိသတ်တွေ တုန်လှုပ်ခဲ့ကြပြီး အဲဒီတက်တူးတွေက အစစ်လား၊ အတုလား မေးမြန်းမှုတွေ ရှိလာသလို၊ Nana နဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိလာပါတယ်။

အဲဒီလို ပရိသတ်တွေရဲ့ အသံတွေ ဆူညံလာပြီးနောက်မှာတော့ မင်းသမီး Nana ရဲ့ အေဂျင်စီက “ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နားလည်ပေးပါဗျာ။ ဒါက အနုပညာရှင်ရဲ့ ကိုယ်ပိုင်ဘဝဖြစ်လို့ ကျွန်တော်တို့ဘက်က အဖြေပေးရခက်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ Nana, So Ji Sub နဲ့ Kim Yoon Jin တို့ ခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ ‘Confession’ ရုပ်ရှင်ကို အောက်တိုဘာလ ၂၆ ရက်နေ့ ကိုရီယားရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရှိရပါတယ်။

Source: Soompi

You cannot copy content of this page