– – – K-Pop အမျိုးသမီးအဖွဲ့ သမိုင်းတစ်လျှောက် BLACKPINK တင်ခဲ့တဲ့ စံချိန်အကြောင်း ပုံကို နှိပ်ပြီး ဖတ်ပါ။
BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ဂီတသက်တမ်းတစ်လျှောက်နဲ့ K-Pop အမျိုးသမီးအဖွဲ့ သမိုင်းမှာ ‘double million seller’ အဖြစ် သူတို့ရဲ့ စက်တင်ဘာ (၁၆) ရက်နေ့ထုတ် ဒုတိယမြောက် Studio Album နဲ့ စံချိန်တင်ခဲ့ပါတယ်။
Circle Chart (အရင်က Gaon Chart) ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၂ ရက်မှာ BLACKPINK အဖွဲ့ရဲ့ ဒုတိယမြောက် Studio Album ‘Born Pink’ ဟာ အချပ်ရေ 2,141,281 ရောင်းချထားရပြီး သိရှိပါတယ်။ ဒါဟာ Circle Chart သမိုင်းတစ်လျှောက် အရောင်းရဆုံး the best-selling album အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ပြီးတော့ BLACKPINK အဖွဲ့ရဲ့ ‘Born Pink’ album ဟာ K-Pop အမျိုးသမီးအဖွဲ့ သမိုင်းတစ်လျှောက်မှာ အချပ်ရေ (၂) သန်းကျော် ရောင်းချရတဲ့ ပထမဆုံးအမျိုးသမီးအဖွဲ့အဖြစ် album အဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။
Source: Soompi