– – – Rosé ရဲ့ LA က ဘော်ဒါတွေနဲ့ ပျော်မြူးနေတဲ့ ဓာတ်ပုံတွေကို ဝေမျှခဲ့သူနဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကို ပုံနှိပ်ပြီး ကြည့်ပါ။
နာမည်ကျော် နယူးဇီလန်မော်ဒယ် Stella Maxwell က သူ့ရဲ့ Instagram မှာ BLACKPINK အဖွဲ့ဝင် Rosé၊ အာရှမော်ဒယ် Soo Joo တို့နဲ့အတူ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်က ရေကူးကန်မှာ ရေစိမ်နေတဲ့ ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။
BLACKPINK အဖွဲ့ဟာ အခုနှစ်မှာ အလုပ်အလွန်များသလို Rosé အနေနဲ့ တစ်ကိုယ်တော် ပရိုမိုးရှင်းပွဲ တက်ရတာတွေ၊ ကြော်ငြာတွေ၊ ဖက်ရှင်ပွဲတွေကြောင့် မအားလပ်အောင် ဖြစ်ခဲ့ရတာကြောင့် အခုအချိန် အမေရိကန်မှာ အပန်းဖြေနေပုံရပါတယ်။
ပရိသတ်တွေကတော့ Rosé အနေနဲ့ အားလပ်ချိန်မှာ သူငယ်ချင်းတွေနဲ့အတူ အခုလို အချိန်ကောင်းတွေ ပိုင်ဆိုင်နေတာကို သဘောကျနေကြပြီး Rosé အတွက် အခုလို ပျော်ဖို့ ထိုက်တန်တယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားနေကြပါတယ်။
Source: Allkpop