– – – EXO အဖွဲ့ဝင် Xiumin ဟာ သူရဲ့ Solo Debut ဖြစ်တဲ့ ‘Brand New’ mini album concept ဓာတ်ပုံတွေကို ချပြခဲ့ပြီး ဘယ်လောက်လန်းနေတယ်ဆိုတာကို ပုံနှိပ် ဖတ်ပါ။
EXO အဖွဲ့ဝင် Xiumin သူ့ရဲ့ solo debut mini album ဖြစ်တဲ့ ‘Brand New’ အတွက် အရောင်အသွေးစုံလင်တဲ့ concept ဓာတ်ပုံတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် စက်တင်ဘာ ၂၄ ရက်က ချပြခဲ့ပါတယ်။
အခု ချပြလိုက်တဲ့ နောက်ဆုံးဓာတ်ပုံတွေမှာ Xiumin ကို paper, marker, cardboard တွေနဲ့ ပြုလုပ်ထားတဲ့ အခန်းမှာ မြင်တွေ့ရမှာဖြစ်ပြီး ငယ်ရွယ်တဲ့ပုံစံနဲ့ playful vibe ကို ခံစားရမှာ ဖြစ်ပါတယ်။ Xiumin ရဲ့ solo debut သီချင်းခေါင်းစဉ်ကလည်း “Brand New” ပဲ ဖြစ်ပြီး old school dance genre အမျိုးအစား ဖြစ်ပါတယ်။
Xiumin ရဲ့ Solo Debut ဖြစ်တဲ့ mini album ‘Brand New’ ကို မနက်ဖြန် (စက်တင်ဘာ ၂၆ ရက်) ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထုတ်ဝေမှာ ဖြစ်ပါတယ်။
Source: Allkpop