– – – “Music Bank” မှာ IVE အဖွဲ့ဝင် Jang Won Young နဲ့ တွဲဖက်မယ့် မင်းသားအကြောင်း ပုံကို နှိပ်ပြီး ဖတ်ပါ။
KBS 2TV က “Music Bank” အတွက် MCs တွေကို ကြေညာခဲ့ပြီး မင်းသား Lee Chae Min က IVE အဖွဲ့ဝင် Jang Won Young နဲ့အတူ အပတ်စဉ် music show မှာ MC တွေအဖြစ် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Lee Chae Min ဟာ ၂၀၂၁ ခုနှစ်ကtvN drama “High Class” ဇာတ်လမ်းတွဲနဲ့ ပွဲထွက်ခဲ့သူဖြစ်ပြီး KBS sports romance drama ဖြစ်တဲ့ “Love All Play” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
မင်းသား Lee Chae Min အနေနဲ့ အခုလ အစောပိုင်းမှာ “Music Bank” မှာ MC အဖြစ်က နုတ်ထံက်သွားတဲ့ ENHYPEN အဖွဲ့၀၀င် Sunghoon ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မှပါ။
Lee Chae Min က MC အဖြစ် ပါဝင်မယ့် “Music Bank” အပိုင်းသစ်ကိုတော့ စက်တင်ဘာ ၃၀ ရက် ကိုရီယားစံတော်ချိန် ညနေ ၅ နာရီ ၅ မိနစ်မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
Source: Soompi