– – – BLACKPINK အဖွဲ့အနေနဲ့ အရင်က ဘယ် K-Pop Girl Group မှာ မရဖူးသေးတဲ့ ဘယ်လိုစံချိန်ကို ပိုင်ဆိုင်တယ်ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
BLACKPINK အဖွဲ့က ဗြိတိန်မှာ သမိုင်းသစ် ရေးလိုက်ပါပြီ။ United Kingdom ရဲ့ Official Charts က BLACKPINK အဖွဲ့ရဲ့ နောက်ဆုံးထုတ် album “BORN PINK” ဟာ သူတို့ရဲ့ Official Albums Chart မှာ နံပါတ် (၁) နေရာ ရပ်တည်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် BLACKPINK အဖွဲ့ဟာ K-pop girl group သမိုင်းတစ်လျှောက် UK’s Official Albums Chart မှာ နံပါတ် (၁) နေရာ ရပ်တည်နိုင်တဲ့ ပထမဆုံး K-pop girl group အဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Official Charts ကုမ္ပဏီရဲ့ CEO ဖြစ်သူ Martin Talbot က “BLACKPINK … Congratulations ပါ။ chart မှာ ပထမဆုံး နံပါတ် (၁) ရတဲ့ စံချိန်ကို ဘယ်သူမှ မယူနိုင်တော့ပါဘူး။ BLACKPINK ရဲ့ album သစ် ‘BORN PINK’ ဟာ UK Official မှာ နံပါတ် (၁) ရခဲ့ပြီး သူတို့ဟာ ပထမဆုံး K-pop girl group အဖြစ် အံ့ဖွယ် အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။ သူတို့ဟာ record books မှာ ထာဝရ ရှိနေတော့မှာပါ”လို့ ဆိုခဲ့ပါတယ်။
ပြီးတော့ BLACKPINK အဖွဲ့ရဲ့ သီချင်းသစ် “Shut Down” ဟာ Official Singles Chart နံပါတ် (၂၄) နေရာ ရပ်တည်ခဲ့ပြီး B-side သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Typa Girl” ကတော့ နံပါတ် (၉၃) နေရာမှာ ရပ်တည်ခဲ့တာကို တွေ့ရပါတယ်။
Source: Soompi