K pop

■ စက်တင်ဘာလအတွင်း အကျော်ကြားဆုံး အဆိုတော်စာရင်းမှာ ဘယ်သူ နံပါတ် (၁) ဖြစ်ခဲ့သလဲ

— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Singer Brand Reputation စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အဆိုတော် ကတော့ …

Korea Institute of Corporate Reputation က စက်တင်ဘာအတွက် အဆိုတော်တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ သြဂုတ်လ (၂၄)ရက်ကနေ စက်တင်ဘာလ (၂၄)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BLACKPINK၊ IVE နဲ့ Lim Young Woong တို့ ရပ်တည်ခဲ့ပါတယ်။ BLACKPINKအဖွဲ့ဟာ brand value index 9,369,153 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ IVE က 8,548,500 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ တစ်ကိုယ်တော် Lim Young Woong က 7,878,883 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ စက်တင်ဘာလအတွင်း Singer Brand Reputation ထိပ်ဆုံး (၁၀) ဦး

1- BLACKPINK
2- IVE
3- Lim Young Woong
4- BTS
5- NewJeans
6- IU
7- Girls’ Generation
8- TWICE
9- Lee Chan Won
10- NCT

Source: Soompi

You cannot copy content of this page