– – – အမျိုးသမီး K-Pop အဖွဲ့တွေထဲမှာ ပထမဆုံးအဖြစ် Billboard 200 မှာ သမိုင်းသစ် ရေးထိုးခဲ့တဲ့ BLACKPINK အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
Billboard က BLACKPINK အဖွဲ့ရဲ့ ဒုတိယမြောက် studio album “BORN PINK” ဟာ အမေရိကန်ရဲ့ နာမည်ကျော် Music Chart ဖြစ်တဲ့ Billboard 200 Albums chart မှာ နံပါတ် (၁) ရခဲ့တယ်လို့ သြဂုတ် (၂၅) ရက်က ထုတ်ပြန်ခဲ့ပါတယ်။
BLACKPINK အဖွဲ့ဟာ အမျိုးသမီး K-Pop အဖွဲ့သမိုင်းတစ်လျှောက် Billboard 200 မှာ နံပါတ် (၁) ရတဲ့ ပထမဆုံးအဖွဲ့အဖြစ် မှတ်တမ်းဝင်ခဲ့သလို ကမ္ဘာ့လုံးဆိုင်ရာမှာလည်း ၂၀၀၈ ခုနှစ်မှာ Danity Kane အဖွဲ့ရဲ့ “Welcome to the Dollhouse” Album နံပါတ် (၁) ရပြီးနောက် ပထမဆုံး Billboard 200 Albums chart မှာ ရတဲ့ အမျိုးသမီးအဖွဲ့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
Luminate (အရင်က MRC Data) ရဲ့ ထုတ်ပြန်ချက်အရ “BORN PINK” ဟာ ပထမတစ်ပတ် (၇ ရက်အတွင်း) အမေရိကန်မှာ Album အချပ်ရေ (102,000) နဲ့ ညီမျှတဲ့ ပမာဏကို ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
“BORN PINK” ဟာ Billboard 200 Albums chart မှာ နံပါတ် (၁၀) စာရင်းဝင်တဲ့ BLACKPINK အဖွဲ့ရဲ့ ဒုတိယမြောက် Album အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ BLACKPINK အဖွဲ့ဟာ ၂၀၂၀ တုန်းက “THE ALBUM” နဲ့ Billboard 200 Albums chart မှာ နံပါတ် (၂) ဝင်ခဲ့ဖူးသေးတာပါ။
Source: Soompi
-Zawgyi
■ Billboard 200 မှာ ပထမဆုံး အမျိုးသမီး K-Pop အဖွဲ့အဖြစ် သမိုင်းသစ် ရေးခဲ့တဲ့ BLACKPINK
Source: Soompi