Celebrity

■ ချစ်သူရဲ့ ရိုက်ကွင်းထိ သွားပြီး Surprise တိုက်ခဲ့တဲ့ Hyeri

– – – Girl’s Day အဖွဲ့ဝင် Hyeri နဲ့ သူ့ချစ်သူတို့ရဲ့ ခိုင်မာတဲ့ အချစ်ဇာတ်လမ်းအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

Girl’s Day အဖွဲ့ဝင် Hyeri ဟာ သူ့ချစ်သူဖြစ်တဲ့ မင်းသား Ryu Jun Yeol ရဲ့ မွေးနေ့ကို ဆင်နွဲှဖို့အတွက် “Money Game” ရိုက်ကွင်းထိ သွားရောက်ပြီး Ryu Jun Yeol နဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သူတွေကို အံ့သြစေခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် Hyeri ဟာ သူ့ချစ်သူ Ryu Jun Yeol ရဲ့ “Money Game” ကို အားပေးကြောင်း ပြသတဲ့အနေနဲ့ အဲဒီဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဝန်ထမ်းတွေအတွက်လည်း ကိုရီယားမှာ ခေတ်စားတဲ့ coffee truck ကို ပြင်ဆင်ခဲ့သေးတာပါ။

Hyeri က coffee truck မှာ “Happy birthday to (my) beloved Ryu Jun Yeol၊ Ryu Jun Yeol ရဲ့ နံပါတ် (၁) ပရိသတ်မှ”ဆိုတဲ့ banner ကိုလည်း ရေးသားခဲ့သလို၊ “Money Game အဖွဲ့အတွက် လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်ထားပြီးပါပြီး Emmy Award မှာ ဆုသွားယူကြတာပေါ့”လို့လည်း ရေးသားထားပါသေးတယ်။

မင်းသား Ryu Jun Yeol နဲ့ Hyeri တို့ဟာ သူတို့ရဲ့ ချစ်သူတွေဖြစ်ကြောင်း ၂၀၁၇ မှာ လူသိရှင်ကြား အတည်ပြုခဲ့တာပြီး အဲဒီနောက်မှာတော့ ပရိသတ်တွေရဲ့ မြင်ကွင်းမှာ သူတို့ရဲ့ ချစ်ခြင်းကို သိုသိုသိပ်သိပ်ပဲ နေပြခဲ့ကြတာပါ။

Source: Koreaboo

 

-Zawgyi

■ ခ်စ္သူရဲ႕ ႐ုိက္ကြင္းထိ သြားၿပီး Surprise တုိက္ခဲ့တဲ့ Hyeri

– – – Girl’s Day အဖဲြ႕၀င္ Hyeri နဲ႔ သူ႕ခ်စ္သူတုိ႔ရဲ႕ ခုိင္မာတဲ့ အခ်စ္ဇာတ္လမ္းအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

Girl’s Day အဖဲြ႕၀င္ Hyeri ဟာ သူ႕ခ်စ္သူျဖစ္တဲ့ မင္းသား Ryu Jun Yeol ရဲ႕ ေမြးေန႔ကုိ ဆင္ႏဲႊဖုိ႔အတြက္ “Money Game” ႐ုိက္ကြင္းထိ သြားေရာက္ၿပီး Ryu Jun Yeol နဲ႔ ဇာတ္လမ္းတဲြမွာ ပါ၀င္သူေတြကုိ အံ့ၾသေစခဲ့တာ ျဖစ္ပါတယ္။

ဒါ့ျပင္ Hyeri ဟာ သူ႕ခ်စ္သူ Ryu Jun Yeol ရဲ႕ “Money Game” ကုိ အားေပးေၾကာင္း ျပသတဲ့အေနနဲ႔ အဲဒီဇာတ္လမ္းတဲြမွာ ပါ၀င္တဲ့ သ႐ုပ္ေဆာင္ေတြ၊ ၀န္ထမ္းေတြအတြက္လည္း ကုိရီယားမွာ ေခတ္စားတဲ့ coffee truck ကုိ ျပင္ဆင္ခဲ့ေသးတာပါ။

Hyeri က coffee truck မွာ “Happy birthday to (my) beloved Ryu Jun Yeol၊ Ryu Jun Yeol ရဲ႕ နံပါတ္ (၁) ပရိသတ္မွ”ဆုိတဲ့ banner ကုိလည္း ေရးသားခဲ့သလုိ၊ “Money Game အဖဲြ႕အတြက္ ေလယာဥ္လက္မွတ္ ဘြတ္ကင္လုပ္ထားၿပီးပါၿပီး Emmy Award မွာ ဆုသြားယူၾကတာေပါ့”လုိ႔လည္း ေရးသားထားပါေသးတယ္။

မင္းသား Ryu Jun Yeol နဲ႔ Hyeri တုိ႔ဟာ သူတုိ႔ရဲ႕ ခ်စ္သူေတြျဖစ္ေၾကာင္း ၂၀၁၇ မွာ လူသိရွင္ၾကား အတည္ျပဳခဲ့တာၿပီး အဲဒီေနာက္မွာေတာ့ ပရိသတ္ေတြရဲ႕ ျမင္ကြင္းမွာ သူတုိ႔ရဲ႕ ခ်စ္ျခင္းကုိ သုိသုိသိပ္သိပ္ပဲ ေနျပခဲ့ၾကတာပါ။

Source: Koreaboo

You cannot copy content of this page