K pop

■ Body Shaming အလုပ်ခံခဲ့ရတဲ့ IVE အဖွဲ့

– – – IVE အဖွဲ့ဝင် (၆) ဦးထဲမှာ (၄) ဦး Body Shaming လုပ်ခံခဲ့ရတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

K-Pop မှာ အမျိုးသမီးအဖွဲ့ဝင်တွေ ဝိတ်တက်တာဟာ အမြဲတစေ sensitive topic ဖြစ်ခဲ့ပြီး ပရိသတ်တွေက အထူးသဖြင့် Hater တွေက အမျိုးသမီး Idol တွေကို ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ ထိန်းသိမ်းဖို့ ဖိအားပေးလေ့ရှိပါတယ်။

အခုလည်း နာမည်ကျော်လာတဲ့ IVE အဖွဲ့ဟာ ကိုရီယားမှာ Hot topic ဖြစ်နေပြီး ပရိသတ်တစ်ယောက် “Liz ဝလာတယ်။ Rei လည်း ဝလာပြီး အရင်တုန်းက ချစ်စရာကောင်းတာလေးတွေတောင် ပျောက်ကုန်ပြီ။ Yujin က အရမ်းဝလာပြီး အပေါ်ပိုင်းမှာ အဆီတွေ စုနေတယ်။

Wonyoung နဲ့ Gaeul တို့ကတော့ ဝိတ်မတက်ဘဲ ခန္ဓာကိုယ်ကို ထိန်းထားပုံရတယ်။ ဒါပေမဲ့ တခြားအဖွဲ့ဝင် (၄) ယောက်ကတော့ ဝလာပြီး ကတာတွေတောင် သွက်သွက်လက်လက် မရှိတော့ဘူး။ Starship က သူတို့အဖွဲ့ကို WJSN တို့ SISTAR တို့လို ဝိတ်မထိန်းခိုင်းဘူးလား မသိဘူး”ဆိုပြီး ရေးတင်ခဲ့တာပါ။

ဆက်ပြီးတော့ သူက တခြားအမျိုးသမီးအဖွဲ့တွေအနေနဲ့ ဝိတ်မတက်အောင် ထိန်းသိမ်းပြီး အသည်းအသန်း ကြိုးစားနေချိန်မှာ IVE အဖွဲ့ကတော့ အဲဒီလို ကြိုးစားခြင်းမရှိဘဲ အရမ်းဝလာဖြစ်တယ်ဆိုခဲ့ကာ ဝိတ်လျော့ဖို့လည်း တိုက်တွန်းရေးသားခဲ့သေးတာပါ။

အဲဒီပရိသတ်တွေရဲ့ ပို့စ်အောက်မှာ K-netizens တွေ IVE အဖွဲ့ကို ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Starship ကလည်း IVE နဲ့ ပတ်သက်လို့ မဟုတ်မမှန်ပြောဆိုသူတွေ၊ ရေးသားသူတွေကို တရားဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Source: nate pann

 

-Zawgyi

■ Body Shaming အလုပ္ခံခဲ့ရတဲ့ IVE အဖဲြ႕

– – – IVE အဖဲြ႕၀င္ (၆) ဦးထဲမွာ (၄) ဦး Body Shaming လုပ္ခံခဲ့ရတဲ့အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

K-Pop မွာ အမ်ဳိးသမီးအဖဲြ႕၀င္ေတြ ၀ိတ္တက္တာဟာ အၿမဲတေစ sensitive topic ျဖစ္ခဲ့ၿပီး ပရိသတ္ေတြက အထူးသျဖင့္ Hater ေတြက အမ်ဳိးသမီး Idol ေတြကုိ ခႏၶာကုိယ္နဲ႔ ပတ္သက္လုိ႔ ထိန္းသိမ္းဖုိ႔ ဖိအားေပးေလ့ရွိပါတယ္။

အခုလည္း နာမည္ေက်ာ္လာတ့ဲ IVE အဖဲြ႕ဟာ ကုိရီယားမွာ Hot topic ျဖစ္ေနၿပီး ပရိသတ္တစ္ေယာက္ “Liz ၀လာတယ္။ Rei လည္း ၀လာၿပီး အရင္တုန္းက ခ်စ္စရာေကာင္းတာေလးေတြေတာင္ ေပ်ာက္ကုန္ၿပီ။ Yujin က အရမ္း၀လာၿပီး အေပၚပုိင္းမွာ အဆီေတြ စုေနတယ္။

Wonyoung နဲ႔ Gaeul တုိ႔ကေတာ့ ၀ိတ္မတက္ဘဲ ခႏၶာကုိယ္ကုိ ထိန္းထားပုံရတယ္။ ဒါေပမဲ့ တျခားအဖဲြ႕၀င္ (၄) ေယာက္ကေတာ့ ၀လာၿပီး ကတာေတြေတာင္ သြက္သြက္လက္လက္ မရွိေတာ့ဘူး။ Starship က သူတုိ႔အဖဲြ႕ကုိ WJSN တုိ႔ SISTAR တုိ႔လုိ ၀ိတ္မထိန္းခုိင္းဘူးလား မသိဘူး”ဆုိၿပီး ေရးတင္ခဲ့တာပါ။

ဆက္ၿပီးေတာ့ သူက တျခားအမ်ဳိးသမီးအဖဲြ႕ေတြအေနနဲ႔ ၀ိတ္မတက္ေအာင္ ထိန္းသိမ္းၿပီး အသည္းအသန္း ႀကိဳးစားေနခ်ိန္မွာ IVE အဖဲြ႕ကေတာ့ အဲဒီလုိ ႀကိဳးစားျခင္းမရွိဘဲ အရမ္း၀လာျဖစ္တယ္ဆုိခဲ့ကာ ၀ိတ္ေလ်ာ့ဖုိ႔လည္း တုိက္တြန္းေရးသားခဲ့ေသးတာပါ။

အဲဒီပရိသတ္ေတြရဲ႕ ပုိ႔စ္ေအာက္မွာ K-netizens ေတြ IVE အဖဲြ႕ကုိ ကာကြယ္ေျပာဆုိမႈေတြ ျပဳလုပ္ခဲ့ၾကၿပီး အဖဲြ႕ရဲ႕ ေအဂ်င္စီျဖစ္တဲ့ Starship ကလည္း IVE နဲ႔ ပတ္သက္လုိ႔ မဟုတ္မမွန္ေျပာဆုိသူေတြ၊ ေရးသားသူေတြကုိ တရားဥပေဒအရ အေရးယူသြားမယ္လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။

Source: nate pann

You cannot copy content of this page