K pop

■ SM ရဲ့ နတ်သမီးတွေကို Suho ပြောဆိုခဲ့တဲ့ အမျိုးသမီးနှစ်ယောက်

– – – EXO အဖွဲ့ခေါင်းဆောင် Suho က SM ရဲ့ နတ်သမီးတွေလို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ သူတွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

Suho ရဲ့Red Velvet အဖွဲ့အပေါ် အားပေးမှုနဲ့ ချစ်ခင်မှုဟာ နာမည်ကျော်ပြီး သူနဲ့ Red Velvet အဖွဲ့ဝင်တွေရဲ့ သူငယ်ချင်းဆက်ဆံရေးကလည်း K-Pop ရဲ့ ချစ်စရာအကောင်းဆုံး သူငယ်ချင်းဆက်ဆံရေးတွေထဲမှာ ပါဝင်ပါတယ်။

လန်ဒန်မှာ Red Velvet အဖွဲ့ ဖျော်ဖြေတုန်းကလည်း Suho လည်း လန်ဒန်ကို ရောက်ရှိနေခဲ့တာကြောင့် Red Velvet အဖွဲ့ရဲ့ rehearsal stage ကို သွားရောက်ကာ အားပေးခဲ့တာပါ။ ဒါကို Suho က vlog ရိုက်ကူးခဲ့တာ ဖြစ်ပြီး Wendy နဲ့ Seulgi တို့ ဖြတ်သွားချိန်မှာ သူတို့ကို Suho က နှုတ်ဆက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Wendy နဲ့ Seulgi တို့ကို ရည်ညွှန်းကာ Suho က “အခု ခင်ဗျားတို့ မြင်နေရတာ SM ရဲ့ နတ်သမီးနှစ်ယောက် ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော် သိတဲ့ အကောင်းဆုံးလူအချို့ထဲမှာ ပါဝင်သူတွေပါ”လို့ ပြောဆိုခဲ့ပါတယ်။

Wendy နဲ့ Seulgi တို့ဟာ ပရိသတ်တွေကို အပြုံးနဲ့ နှုတ်ဆက်ခဲ့ကြပြီး Suho ဟာ နောက်ဆုံးမှာ Wendy ဆီက လက်ဆောင်အဖြစ် ရခဲ့တဲ့ chocolates ဘူးကို ပြသခဲ့တာဖြစ်ပါတယ်။ Suho ဟာ Red Velvet အဖွဲ့ကို အားပေးလေ့ရှိပြီး ဆုပေးပွဲတွေမှာ Red Velvet သီချင်းဆိုတဲ့အခါတိုင်း လိုက်ဆိုလေ့ ရှိတာကို တွေ့ရပါတယ်

Source: Koreaboo

 

-Zawgyi

■ SM ရဲ႕ နတ္သမီးေတြကုိ Suho ေျပာဆုိခဲ့တဲ့ အမ်ဳိးသမီးႏွစ္ေယာက္

– – – EXO အဖဲြ႕ေခါင္းေဆာင္ Suho က SM ရဲ႕ နတ္သမီးေတြလုိ႔ ထုတ္ေဖာ္ေျပာဆုိခဲ့တဲ့ သူေတြအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

Suho ရဲ႕Red Velvet အဖဲြ႕အေပၚ အားေပးမႈနဲ႔ ခ်စ္ခင္မႈဟာ နာမည္ေက်ာ္ၿပီး သူနဲ႔ Red Velvet အဖဲြ႕၀င္ေတြရဲ႕ သူငယ္ခ်င္းဆက္ဆံေရးကလည္း K-Pop ရဲ႕ ခ်စ္စရာအေကာင္းဆုံး သူငယ္ခ်င္းဆက္ဆံေရးေတြထဲမွာ ပါ၀င္ပါတယ္။

လန္ဒန္မွာ Red Velvet အဖဲြ႕ ေဖ်ာ္ေျဖတုန္းကလည္း Suho လည္း လန္ဒန္ကုိ ေရာက္ရွိေနခဲ့တာေၾကာင့္ Red Velvet အဖဲြ႕ရဲ႕ rehearsal stage ကုိ သြားေရာက္ကာ အားေပးခဲ့တာပါ။ ဒါကုိ Suho က vlog ႐ုိက္ကူးခဲ့တာ ျဖစ္ၿပီး Wendy နဲ႔ Seulgi တုိ႔ ျဖတ္သြားခ်ိန္မွာ သူတုိ႔ကုိ Suho က ႏႈတ္ဆက္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ Wendy နဲ႔ Seulgi တုိ႔ကုိ ရည္ညႊန္းကာ Suho က “အခု ခင္ဗ်ားတုိ႔ ျမင္ေနရတာ SM ရဲ႕ နတ္သမီးႏွစ္ေယာက္ ျဖစ္ပါတယ္။ သူတုိ႔ဟာ ကၽြန္ေတာ္ သိတဲ့ အေကာင္းဆုံးလူအခ်ဳိ႕ထဲမွာ ပါ၀င္သူေတြပါ”လုိ႔ ေျပာဆုိခဲ့ပါတယ္။

Wendy နဲ႔ Seulgi တုိ႔ဟာ ပရိသတ္ေတြကုိ အၿပံဳးနဲ႔ ႏႈတ္ဆက္ခဲ့ၾကၿပီး Suho ဟာ ေနာက္ဆုံးမွာ Wendy ဆီက လက္ေဆာင္အျဖစ္ ရခဲ့တဲ့ chocolates ဘူးကုိ ျပသခဲ့တာျဖစ္ပါတယ္။ Suho ဟာ Red Velvet အဖဲြ႕ကုိ အားေပးေလ့ရွိၿပီး ဆုေပးပဲြေတြမွာ Red Velvet သီခ်င္းဆုိတဲ့အခါတုိင္း လုိက္ဆုိေလ့ ရွိတာကုိ ေတြ႕ရပါတယ္

Source: Koreaboo

You cannot copy content of this page