K pop

■ အောက်တိုဘာအတွင်း အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့

— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Singer Brand Reputation စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အဆိုတော် ကတော့ …

Korea Institute of Corporate Reputation က အောက်တိုဘာလအတွက် အမျိုးသမီးအဖွဲ့တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ စက်တင်ဘာလ (၉)ရက်ကနေ အောက်တိုဘာလ (၉)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BLACKPINK၊ Girls’ Generation နဲ့ IVE တို့ ရပ်တည်ခဲ့ပါတယ်။ BLACKPINKအဖွဲ့ဟာ brand value index 7,170,250 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ Girls’ Generation က 4,267,366 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ တစ်ကိုယ်တော် IVE က 4,143,670 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ အောက်တိုဘာလအတွင်း Singer Brand Reputation အမျိုးသမီးအဖွဲ့ (၁၀) ဖွဲ့

1- BLACKPINK
2- Girls’ Generation
3- IVE
4- TWICE
5- NewJeans
6- Red Velvet
7- Oh My Girl
8- ITZY
9- aespa
10- NMIXX

Source: Soompi

You cannot copy content of this page