– – – Red Velvet အဖွဲ့ဝင်တွေ ရန်ဖြစ်ပြီး စိတ်ကောက်ကြ၊ ပြေလည်အောင် ဘယ်လို ဖြေရှင်းကြတယ်ဆိုတဲ့ အကြောင်းတွေကို ပုံနှိပ်ဖတ်ပါ။
K-Pop idols အဖွဲ့တွေ အများစုလိုပဲ Red Velvet အဖွဲ့ဝင်တွေဟာ ငယ်စဉ်ဘဝကို အဖွဲ့ဝင်တွေနဲ့အတူ ကုန်ဆုံးရင်း ဖြတ်သန်းလာခဲ့ကြတာဖြစ်ပြီး ညီအစ်မတွေလို တစ်မျိုး၊ သူငယ်ချင်းတွေလို တစ်ဖုံ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတွေ ဖြစ်ပါတယ်။
၂၀၂၂ မှာ တစ်ကိုယ်တော်အဖြစ် ပွဲထွက်ခဲ့တဲ့ Seulgi ဟာ Jonathan Thona ရဲ့ YouTube show တစ်ခုဖြစ်တဲ့ TheKstarNextDoor မှာ ပါဝင်ခဲ့ပြီး သူ့အကြောင်းတွေ၊ သူ့အဖွဲ့ဝင်တွေရဲ့ အကြောင်းတွေကို ပြောပြခဲ့တာပါ။
အဲဒီမှာ Jonathan Thona က Seulgi ကို Red Velvet အဖွဲ့ဝင်တွေနဲ့ စိတ်ဆိုးစိတ်ကောက်ကြတဲ့ အချိန်တွေများ ရှိသလားလို့ မေးမြန်းခဲ့ရာမှာတော့ Seulgi က သူ့အနေနဲ့ Red Velvet အဖွဲ့ဝင်တွေ အားလုံးနဲ့ ရန်ဖြစ်ဖူးတယ်လို့ အံ့အားသင့်ဖွယ် ဝန်ခံခဲ့တာပါ။
Jonathan Thona က ရန်ဖြစ်တယ်ဆိုတော့ ကိုယ်ထိလက်ရောက် ချကြတာလားလို့ မေးမြန်းရာမှာတော့ Seulgi က ကိုယ်ထိလက်ရောက် ဖြစ်တာမျိုး မဟုတ်ဘဲ ကတောက်ကဆနဲ့ စကားများကြတာသာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် စကားများကြပြီး ရန်ဖြစ်ကြပြီဆိုရင် Show တွေ သွားတဲ့အခါ ဖျော်ဖြေမှု လုပ်ကြတဲ့အခါ တစ်ယောက်ကို တစ်ယောက် မမြင်ယောင်ဆောင်ပြီ နေကြကြောင်းလည်း Seulgi က ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ သူတို့အဖွဲ့ဝင်တွေအနေနနဲ့ ရန်ဖြစ်ရင် အကြာကြီး မခေါ်ဘဲ နေလေ့မရှိကြောင့်နဲ့ စိတ်ကောက်ခံရသူ၊ စကားများသူက နောက်ပိုင်းမှာ ဘာကြောင့် စိတ်ဆိုး၊ စိတ်ကောက်ရတာလဲဆိုပြီး ဖြေရှင်းကာ နောက်ဆုံးမှာ ပြန်ခေါ်လေ့ရှိကြောင်း ဆိုခဲ့ပါတယ်။
Source: Koreaboo