– – – Red Velvet အဖွဲ့ဝင် Seulgi မျက်စီကျနေတဲ့ စတုတ္ထမျိုးဆက် K-Pop အဖွဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
၂၀၂၂ မှာ တစ်ကိုယ်တော်အဖြစ် ပွဲထွက်ခဲ့တဲ့ Seulgi ဟာ Jonathan Thona ရဲ့ YouTube show တစ်ခုဖြစ်တဲ့ TheKstarNextDoor မှာ ပါဝင်ခဲ့ပြီး သူ့အကြောင်းတွေ၊ သူ့အဖွဲ့ဝင်တွေရဲ့ အကြောင်းတွေကို ပြောပြခဲ့တာပါ။
အဲဒီမှာ Jonathan Thona က Seulgi ကို လတ်တလော မျက်စီကျနေတဲ့ စတုတ္ထမျိုးဆက် K-Pop အဖွဲ့များ ရှိသလားလို့ မေးမြန်းခဲ့ရာမှာတော့ Seulgi က SM ဂျူနီယာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ asepa အဖွဲ့ကို သဘောကျကြောင်း ဖြေခဲ့ပါတယ်။
GOT the Beat အဖွဲ့မှာ SM Entertainment အနုပညာရှင်တွေဖြစ်တဲ့ BoA, Girls’ Generation အဖွဲ့ဝင်တွေဖြစ်တဲ့ Taeyeon နဲ့ Hyoyeon, Red Velvet အဖွဲ့ဝင်တွေဖြစ်တဲ့ Seulgi နဲ့ Wendy, aespa အဖွဲ့ဝင်တွေဖြစ်တဲ့ Winter နဲ့ Karina တို့ ပါဝင်ပြီး အဲဒီအဖွဲ့မှာ aespa အဖွဲ့ဝင်တွေနဲ့ အတူ ဖျော်ဖြေရတာကို သဘောကျကြောင်း Seulgi က ဆိုခဲ့ပါတယ်။
Jonathan Thona က Seulgi အနေနဲ့ ဂျူနီယာတွေဖြစ်တဲ့ aespa အဖွဲ့ဝင်တွေကို အကြံပေးချင်တာများ ရှိသလားလို့ မေးမြန်းခဲ့ရာမှာတော့ Seulgi က သူ့အနေနဲ့ အကြံပေးစရာမလိုပါဘူးလို့လည်း ပြောဆိုခဲ့သေးတာပါ။
Source: Koreaboo