K pop

■ BLACKPINK ရဲ့ “BORN PINK” album ထဲက TXT Taehyun အကြိုက်ဆုံးသီချင်း

– – – TXT အဖွဲ့ဝင် Taehyun က BLACKPINK ရဲ့ “BORN PINK” album မှာ သူ့အကြိုက်ဆုံးအဖြစ် ဘယ်သီချင်းကို ရွေးချယ်ခဲ့တဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

Weverse live broadcast တစ်ခုမှာ TXT အဖွဲ့ဝင် Taehyun က BLACKPINK ရဲ့ “BORN PINK” album ထဲက သူအကြိုက်ဆုံးသီချင်းကို သူ့ရဲ့ ပရိသတ်တွေအတွက် ဖွင့်ဟပြောကြားခဲ့တာပါ။

Yeonjun နဲ့ Taehyun တို့ဟာ အဲဒီ Weverse live broadcast မှာ သူတို့ပရိသတ်တွေနဲ့ စကားပြောခဲ့ကြပြီး ပရိသတ်တွေရဲ့ မေးခွန်းတွေကိုလည်း ဖြေခဲ့ကြပါတယ်။ ပြီးတော့ သူတို့ဟာ BLACKPINK အဖွဲ့ရဲ့ သီချင်းတွေအကြောင်းကိုလည်း ပြောခဲ့ကြတာ ဖြစ်ပါတယ်။

Taehyun “BLACKPINK အဖွဲ့ရဲ့ “BORN PINK” album တစ်ခုလုံးကို နားထောင်ပြီးပါပြီ။ အရမ်း မိုက်ပါတယ်။ Rap တွေကတော့ ရူးလောက်စရာပါပဲ။ ကျွန်တော် အကြိုက်ဆုံးသီချင်းက TALLY ပါပဲ”လို့ ဆိုခဲ့ပြီး သီချင်းစာသားတွေကိုပါ ဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်ပြီးတော့ Taehyun ဟာ “BORN PINK” album နဲ့ ပတ်သက်လို့ “အရည်အသွေးကတော့ မိုက်လွန်းအားကြီးပါတယ်။ Shut Down သီချင်းလည်း အရမ်းကောင်းပါတယ်”လို့လည်း ပြောဆိုခဲ့သေးတာပါ။

Source: Allkpop

You cannot copy content of this page