K pop

■ အောက်တိုဘာအတွင်း အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့ဝင်များ

— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Singer Brand Reputation စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အမျိုးသမီးအဖွဲ့ဝင်ကတော့ …

Korea Institute of Corporate Reputation က အောက်တိုဘာလအတွက် အမျိုးသမီးအဖွဲ့တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ စက်တင်ဘာလ (၁၆)ရက်ကနေ အောက်တိုဘာလ (၁၆)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BLACKPINK အဖွဲ့တွေဖြစ်တဲ့ Jennie, Lisa နဲ့ NewJeans အဖွဲ့ဝင် Minji တို့ ရပ်တည်ခဲ့ပါတယ်။ Jennie က brand value index 4,128,395 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ Lisa က 3,320,107 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ Minji က 3,194,912 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ အောက်တိုဘာလအတွင်း အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့ဝင် (၁၀) ဦး

1- BLACKPINK’s Jennie
2- BLACKPINK’s Lisa
3- NewJeans’ Minji
4- BLACKPINK’s Jisoo
5- NewJeans’ Haerin
6- NewJeans’ Hanni
7- NewJeans’ Hyein
8- Girls’ Generation’s YoonA
9- BLACKPINK’s Rosé
10- Red Velvet’s Joy

Source: Soompi

You cannot copy content of this page