K pop

■ Solo သီချင်း ထုတ်မယ်လို့ ကြေညာခဲ့တဲ့ BTS အဖွဲ့ဝင်

– – – သူရဲ့ Solo သီချင်းမှာ Mystery Collab ပါဝင်မယ်လို့ ဖွင့်ဟခဲ့တဲ့ BTS အဖွဲ့ဝင်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BTS အဖွဲ့ဝင် Jin က သူ့အနေနဲ့ ပထမဆုံး တစ်ကိုယ်တော် solo single သီချင်းကို ထုတ်ဝေမယ်လို့ ပရိသတ်တွေကို ကိုယ်တိုင် အသိပေးခဲ့တာ ဖြစ်ပါတယ်။

BTS ရဲ့ World Expo 2030 Busan Korea concert ပွဲပြီးခါနီးမှာ Jin က “နောက်ဆုံးအနေနဲ့ ခင်ဗျားတို့ကို ကျွန်တော် အသိပေးစရာ ရှိပါတယ်။ ကျွန်တော်ဟာ BTS အဖွဲ့မှာ J-Hope ပြီးနောက် Solo Album ထုတ်သူ ဖြစ်ပါလိမ့်မယ်။ ကြီးမားတဲ့ Album ဘာညာ မဟုတ်ပါဘူး။ single သပ်သပ်ပါပဲ”လို့ ဆိုခဲ့တာပါ။

ဆက်ပြီးတော့ Jin က “ကျွန်တော့်အနေနဲ့ ကျွန်တော် အမြဲသဘောကျတဲ့ တစ်ယောက်ယောက်နဲ့ အတူတူ လုပ်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် သီချင်းသစ်ကို ကျွန်တော် ထုတ်မှာပါ။ သိပ်မကြာခင်က ကွဲပြားခြားနားတဲ့ အရာတွေကို ကျွန်တော် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ ရိုက်ကူးမှုတွေ ဆက်လုပ်ရဦးမှာပါ။ ခင်ဗျားတို့ သဘောကျမယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

Source: Soompi

You cannot copy content of this page