K pop

■ EXO ရဲ့ “Love Shot” ကို ကပြပြီး Viral ဖြစ်နေတဲ့ LE SSERAFIM အဖွဲ့ဝင်

– – – EXO ရဲ့ “Love Shot” နဲ့ ကကွက်တွေကို အလန်းစားကပြထားပြီး ပရိသတ်တွေကြား Viral ဖြစ်နေတဲ့ LE SSERAFIM အဖွဲ့ဝင်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

LE SSERAFIM အဖွဲ့ဟာ ဂျပန်မှာ ကျင်းပတဲ့ KCON 2022 မှာ ပါဝင်ဖျော်ဖြေခဲ့ပြီး သူတို့ရဲ့ “Fearless,” “Blue Flame,” နဲ့ “The World Is My Oyster” သီချင်းတွေကို ဖျော်ဖြေခဲ့သလို EXO အဖွဲ့ရဲ့ နာမည်ကျော် “Love Shot” သီချင်းကိုလည်း covered လုပ်ခဲ့ပါတယ်။

LE SSERAFIM အဖွဲ့ဟာ EXO ရဲ့ “Love Shot” သီချင်းကို covered လုပ်ရာမှာ “girl crush” concept ကို အသုံးပြုခဲ့ပြီး သူတို့ရဲ့ ဖျော်ဖြေမှုဟာ ပရိသတ်တွေအကြား တော်တော်လေးကို နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် EXO ရဲ့ “Love Shot” သီချင်းကို covered လုပ်ရာမှာ LE SSERAFIM အဖွဲ့ဝင် Kazuha ဟာ netizens တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး သူမရဲ့ visuals ကြောင့် ချီးကျူးမှု ခံခဲ့ရပါတယ်။ အွန်လိုင်းမှာ Viral ဖြစ်နေတဲ့ Kazuha ရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Source: Soompi

You cannot copy content of this page